စိတ်ကြွရူးသွပ်ဆေးပြားများ

A d v e r t i s e m e n t With Us

May 3, 2017

ထန်းတပင်တွင် ပစ္စတိုသေနတ်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းအပိုင်မှာ ဒီကနေ့ မနက်အစောပိုင်းက မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချ သုံးစွဲသူ ၅ ဦးကို စိတ်ကြွရူးသွပ် ဆေးပြားတွေနဲ့အတူ ပစ္စတိုသေနတ်တလက်၊ ကျည် ၅ တောင့် ဖမ်းဆီးရမိခဲ့တယ်လို့ ဇရပ်ကြီးနယ်မြေရဲစခန်းက ပြောပါတယ်။ တောင်ငူ အမှတ်(၃) နယ်မြေရဲစခန်းက ရဲအုပ်စိုင်းသီဟလင်းက “သွားဖမ်းရတဲ့နေရာက နှစ်နေရာပါ။ ရွာတန်းရှည်က မိသားစုနဲ့နေတဲ့ အိမ်ရယ်၊ မိုးကောင်းကျေးရွာက ဓာတ်ဆီဆိုင်နဲ့ တွဲဖွင့်ထားတဲ့ အိမ်ရယ်ပါ။ မနက် ၁၂ နာရီခွဲလောက်မှာ အဓိကတရားခံအိပ်တယ်ဆိုတဲ့ ဓာတ်ဆီဆိုင်နဲ့အိမ်ကို အရင်ဆုံးဝင်တယ်။ အဲ့မှာက အဓိကတရားခံဖြစ်တဲ့ နိုင်ကြီးရဲ့ညီနဲ့သားပဲ ရှိတယ်။ အဲ့မှာက ဘီယာဘူးခွံထဲက မူးယစ်ဆေးပြား ၂၀၀၀ ဖမ်းမိတယ်။ အဲ့လိုဖမ်းမိပြီး မေးမြန်းတဲ့အခါ နိုင်ကြီးဟာ ရွာတန်းရှည်ကျေးရွာက သူ့မိသားစုအိမ်မှာ အိပ်တယ်ဆိုလို့ တရားခံတွေနဲ့ သက်သေခံပစ္စည်းတွေကို ဇရပ်ကြီးနယ်မြေ ရဲစခန်းမှာအပ်ခဲ့ပြီး ရွာတန်းရှည်ကအိမ်ကို ဆက်ဝင်ပါတယ်။ မနက် ၃ နာရီလောက်မှာပါ။ ဝင်တဲ့အခါမှာ အိမ်ကရွာအိမ်ဆိုတော့ ပေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်။ အိမ်ရှင်တွေကို နှိုးတယ်။ ဝရမ်းပြတယ်။ တာဝန်သိပြည်သူတွေပြောတဲ့ မူးယစ်ဆေးဝါးတွေ လုပ်တယ်ဆိုတဲ့ နေရာကို ချက်ခြင်းပြေးတဲ့အခါမှာ အဓိကတရားခံဖြစ်တဲ့ နိုင်ကြီးကနေပြီးတော့ အိမ်နောက်ဘက် ၀ါးရုံပင်တွေနဲ့ သရက်ပင်တွေကြားထဲမှာ လုပ်ထားတဲ့ ပုခက်ပေါ်ကနေ ဆင်းပြီးပြေးပါတယ်။ အဲ့ပုခက်ထဲကအိတ်ထဲမှာ စိတ်ကြွဆေးပြား ၁၁၅ ပြားနဲ့ ကျည်ဖြည့်ထားတဲ့ ပစ္စတိုသေနတ် လလက်တွေ့တယ်။ သူ့အမျိုးသမီးက အဲဒီနဲ့မလှမ်းမကမ်းက စပါးကျည်နားမှာ ကုတင်နဲ့အိပ်ပါ တယ်။ မူးယစ်ဆေးဝါးလာပြီးတော့ပို့တယ်ဆိုတဲ့ ရှမ်းပြည်နယ် ပေါင်းလောင်းကလူလည်း အဲဒီမှာပဲ မိတယ်။ အားလုံး တရားခံ ၅ ယောက်မိပါတယ်။ နှစ်မှုကိုပေါ့နော်”လို့ ပြောပါတယ်။ အခုလို စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မိုးကောင်းကျေးရွာ ဓာတ်ဆီဆိုင် နေအိမ်မှာ ဖမ်းဆီးရမိတဲ့ အိမ်ရှင်နိုင်ကြီးရဲ့သားဖြစ်သူ အောင်ဆန်းဦးနဲ့ နိုင်ကြီးရဲ့ညီ စိုးအောင်နဲ့ အိမ်ရှင်နိုင်ကြီးတို့ကို ဇရပ်ကြီးနယ်မြေရဲစခန်းက မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁အရ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ ရွာတန်းရှည်ကျေးရွာမှာ လက်နက်၊ စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ နိုင်ကြီးရဲ့ဇနီးဖြစ်သူ မစန်း၊ ဝင်းမြင့်၊ မွတ်တား (ခ)စန္တာနဲ့ ထွက်ပြေး လွတ်မြောက်သွားတဲ့ နိုင်ကြီးတို့ကို ဇရပ်ကြီးနယ်မြေရဲစခန်းက မူး/စိတ်ပုဒ်မ-၁၅/၁၉(က)/၂၀(က)/၂၁/၂၂(ခ)တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - သားကြီး(တောင်ငူ)
4 years Ago

April 7, 2017

အမြန်လမ်းမကြီးတွင် ရဲ ၂ ဦးအပါအဝင် ၆ ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများဖြင့် ဖမ်းမိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ဇီးပင်သာအမြန်လမ်းရဲစခန်းအပိုင်မှာ ဧပြီ ၆ ရက်နေ့ညနေပိုင်းက ရဲ ၂ ဦးအပါဝင် လူ ၆ ဦးဆီကနေ စိတ်ကြွဆေးပြေား ၃ သောင်းလောက် ဖမ်းမိခဲ့ပါတယ်။ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုက တပ်ဖွဲ့ဝင်တွေနဲ့ သံတောင်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီး ထုံးအိုင်နယ်မြေရဲစခန်းမှ မူး/စိတ်ပုဒ်မ-၁၅/၁၉ (က)/၂၁ အမှုက တရားခံ သူရိန်ထွန်း (ခ) မျိုးမင်းရဲ့ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံ ကျော်ကျော်ကို မူးယစ်ဆေးဝယ်ယူဖို့ ဖုန်းနဲ့ဆက်သွယ်ခိုင်းခဲ့ရာ တောင်ငူမြို့ အမြန်လမ်းမိုင်တိုင်အမှတ်၁၄၇/၄ အနီးကို လာရောက်ရောင်းချမယ်လို့ ပြန်လည်ပြောဆိုတဲ့အတွက် သွားရောက်စောင့်ဆိုင်း ဖမ်းဆီခဲ့တာ ဖြစ်ပါတယ်။ ယာဉ်မောင်း အောင်မင်း (ခ) မောင်ငယ်မောင်းနှင်ပြီး မဥမ္မာရွှေ လိုက်ပါလာတဲ့ ဟွန်ဒါဖစ်အမျိုးအစား ခဲရောင်မော်တော်ယာဉ်၊ ရဲတပ်သား ဝေယံမင်းထွေး မောင်းနှင်ပြီး ရဲတပ်သားသန့်ဇင်မျိုး လိုက်ပါလာတဲ့ wave အမျိုးအစား အနက်အနီစပ် မော်တော်ဆိုင်ကယ်နဲ့ ကျော်ကျော်မောင်းနှင်ပြီး ခွန်တီခေါင်စီးနင်းလိုက်ပါလာတဲ့ KENBO X အမျိုးအစား အနက်ရောင်ဆိုင်ကယ်တို့ ရောက်ရှိလာချိန် ပိတ်ဆို့ဖမ်းဆီးရာမှ ကာလတန်ဖိုး ကျပ် ၈၉၄၀၀၀၀၀၀ ရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၈၀၀ ပြားကို  ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါဆေးပြားတွေကို ပြီးခဲ့တဲ့ ၁၅ ရက်လောက်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်မြို့နေ အမိုးဆိုတဲ့ အမျိုးသမီးဆီက ကျော်ကျော်က ဆေးပြားတသောင်းပါ တစ်ထုပ်လျင် သိန်း ၂၀ ကျပ်နဲ့ ဖုန်းဆက်မှာခဲ့တာဖြစ်ပြီး ပင်လောင်းဈေးအနီးမှာ ခွန်တီခေါင်နဲ့ မဥမ္မာရွှေတို့က ဆိုင်ကယ်နဲ့ သွားရောက်ယူဆောင်ပေးခဲ့တာလို့ ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်သက်စိုးဦးက ပြောပါတယ်။ “ဟုတ်တယ်ဗျ။ ညနေ ၅ နာရီလောက်က ဘားအံမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ နဲ့ မိတဲ့တရားခံကားနဲ့ ပစ္စည်းချိန်းမယ်ဆိုပြီး ဖုန်းဆက်ချိန်းခိုင်းခဲ့တာ၊ သူတို့ကကားပေါ်မှာ ပစ္စည်းတင်လာတယ်။ ရဲဘော်လေးတွေက အသုံးချခံရတာပေါ့၊ ကျနော်တို့ကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင် တပ်ဖွဲ့ဝင်၊ အရပ်သားခွဲခြားလို့ မရဘူးလေ။ ဥပဒေဆိုတာက ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ဥပဒေ လက်ကိုင်ထားတာဖြစ်တဲ့အတွက် ကျန်ာတို့က ကျောသားရင်သား ခွဲလို့မရဘူးလေ။ အဲဒီအတွက် ဥပဒေနဲ့အညီ အပြစ်ရှိတဲ့သူက အပြစ်ရှိသလို အရေးယူခံရမှာပေါ့။ အကုန်လုံးက ပါဝင်ဆက်နွှယ်နေတာဖြစ်တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူလိုက်တာပေါ့။ ကျနော်တို့က သက်ဆိုင်ရာ ဇီးပင်သာအမြန်လမ်းရဲစခန်းကို အပ်ပြီးသွားပီဗျ။ သူတို့ဘက်ကတော့ အမှုဖွင့်ပြီးလောက်ပြီ ထင်တယ်”  လို့ ပြောပါတယ်။ အဖမ်းခံခဲ့ရတဲ့ ရဲတပ်သားနှစ်ဦးကတော့ တောင်ငူခရိုင် ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးနယ်မြေရဲစခန်းကလို့ သိရပါတယ်။ သားကြီး(တောင်ငူ)
4 years Ago
More News
Up