စိတ်ကြွဆေးပြား ၁ သန်းကျော်နှင့် အခါတိုင်းရင်းသား ၃ ဦးကို ထိုင်းရဲဖမ်းဆီး

A d v e r t i s e m e n t With Us

February 6, 2016

စိတ်ကြွဆေးပြား ၁ သန်းကျော်နှင့် အခါတိုင်းရင်းသား ၃ ဦးကို ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံ မဲ့ကျန်မြို့နယ်ထဲမှာ အခါတိုင်းရင်းသား ၃ ဦးကို ရာဘ စိတ်ကြွဆေးပြား ၁ သန်းကျော်နဲ့အတူ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၄ ရက်နေ့က မဲ့ကျန်မြို့နယ် ကုန်တိုက်တခုရဲ့ ကားရပ်တဲ့နေရာတခုမှာ ထိုင်းရဲတွေက မူးယစ်ဆေးဝါးဝယ်သူအနေနဲ့ ဟန်ဆောင်ချိန်းဆိုပြီး မူးယစ်ဆေးဝါးတွေ လာပေးတဲ့အချိန်မှာ ဖမ်းဆီးခဲ့တာလို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ အဖမ်းခံရတဲ့သူတွေဟာ မဲ့ကျန်မြို့နယ်မှာ နေထိုင်တဲ့ အခါတိုင်းရင်းသားတွေဖြစ်ပြီး အသက် ၁၆ နှစ်၊ ၁၈ နှစ်နဲ့ ၂၀ အရွယ် ဖြစ်ကြပါတယ်။ မူးယစ်ဆေးဝါးတွေကို ပို့ဆောင်ခရလို့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ မြန်မာတဦးဆီကနေ ယူပြီးတော့ လာပို့ပေးတာ ဖြစ်ကြောင်း အဖမ်းခံရသူတွေက ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ အခါတိုင်းရင်းသား ၃ ဦးကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ မဲ့ကျန်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
5 years Ago
Up