စိတ်ကြိုက်ဟင်းလျာများကို ချက်ပြုတ်ပေးမည့် စက်ရုပ်စားဖိုမှူး

July 3, 2015

စက်ရုပ်ကြောင့် ကားစက်ရုံ အလုပ်သမားတဦး သေဆုံး

ဂျာမနီနိုင်ငံ ဗောက်စ်ဝက်ဂွန်းကား စက်ရုံမှာ စက်ရုပ်ကြောင့် အလုပ်သမားတဦး သေဆုံးခဲ့တယ်လို့ စက်ရုံတာဝန်ရှိသူတွေက ပြောပါတယ်။ ဇွန် ၂၉ ရက်က ဖရန့်ဖတ်မြို့မြောက်ဘက် ၆၂ မိုင်အကွာ ဘန်နေတယ်လ်အရပ်ရှိ စက်ရုံထဲမှာ သေဆုံးနေတာလို့ စက်ရုံ ပြောရေးဆိုခွင့်ရှိသူ ဟိုက်ကိုဟဲလ်ဝစ်ဒ်က ပြောပါတယ်။ သေဆုံးသွားတဲ့ ၂၂ နှစ်အရွယ် အလုပ်သမားဟာ ကားအစိတ်အပိုင်း ထုတ်လုပ်ရေးဌာနစိတ်က ၀န်ထမ်းတဦးဖြစ်ပါတယ်။ စက်ရုပ်ကို ထိန်းချုပ်တပ်ဆင်ထားပြီး အလုပ်လုပ်နေချိန်မှာ စက်ရုပ်က သတ္တုပြားအောက်ကို တွန်းဖိမိပြီး သေဆုံးသွားတာလို့ ဟဲလ်ဝစ်ဒ်က ပြောပါတယ်။ ကားထုတ်လုပ်ရာမှာ စက်ရုပ်တွေကို ထိန်းချုပ်တဲ့ ပရိုဂရမ်တွေနဲ့ လုပ်ငန်းများစွာကို လုပ်ဆောင်နေတာကြောင့် ခုပြဿနာမှာ စက်ရုပ်ထက် လူသားကိုပဲ အပြစ်တင်ရမလို ဖြစ်နေတယ်လို့ သူကပြောပါတယ်။ သေဆုံးတဲ့အချိန်မှာ တခြား အလုပ်သမားတဦးလည်း ရှိနေသလို ထိခိုက်ဒဏ်ရာ မရဘူးလို့ ပြောပါတယ်။ သာမန်အားဖြင့် စက်ရုံကန့်သတ်ဧရိယာထဲမှာ စက်ကိရိယာတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ တခြားစက်ရုံတွေမှာလည်း ခုလို မတော်တဆဖြစ်ရပ်တွေ ရှိပေမယ့် ထိခိုက်ဒဏ်ရာ ရတာမျိုးတွေ မရှိဘူးလို့ ဟဲလ်ဝစ်ဒ်က ဆိုပါတယ်။ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အသေးစိတ် အကြောင်းအရာတွေကို ပြောဆိုဖို့တော့ ငြင်းဆန်ထားပါတယ်။ ဂျာမန်သတင်းအေဂျင်စီ ဒီပီအေကတော့ ဘယ်သူ့ကြောင့်ဖြစ်ရသလဲ ဆိုတာကို စုံစမ်းစစ်ဆေး အရေးယူသွားဖို့ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
6 years Ago

June 28, 2015

ဘီယာပုလင်း ၈ ထောင်ဖြင့် ဆောက်ထားသည့်အိမ် (သတင်းဓာတ်ပုံ)

တရုတ်နိုင်ငံ ချောင်ကွင်းက အမျိုးသားတဦးဟာ ဘီယာ ပုလင်း ၈၅၀၀ကို အသုံးပြုပြီး အိမ်တလုံး တည်ဆောက်ခဲ့ပါတယ်။ ချောင်ကွင်းကောလိပ်ကနေ ဘွဲ့ရတဲ့ လီဂျူယောင်က သက်တူ ရွယ်တူတွေ အလုပ်ရှာဖို့ စိုင်းပြင်းနေတဲ့ အချိန်မှာ ၂၉ စကွဲမီတာရှိတဲ့ အိမ်ငယ်လေးကို ဘီယာ ပုလင်း ၈၅၀၀ သုံးပြီး ဆောက်လုပ်ခဲ့ပါတယ်။ တီထွင်ကြံဆတဲ့ ဗိသုကာသမားဖြစ်ဖို့အတွက် ဒါဟာ ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့ လီဂျူယောင်က ပြောပါတယ်။

ဓာတ်ပုံ - CCTVNews

6 years Ago
Up