စိတ်ဝင်စားစရာကောင်းလာဟု ကွန်တီပြော

April 2, 2017

ချဲလ်ဆီး ၁-၂ ပဲလေ့စ်၊ ချန်ပီယံဖလားပြိုင်ပွဲ ပိုစိတ်ဝင်စားစရာကောင်းလာဟု ကွန်တီပြော (ရုပ်သံ)

ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဖလားပြိုင်ပွဲဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ်လို့ ချဲလ်ဆီးနည်းပြ ကွန်တီက ပြောဆိုပါတယ်။ မနေ့ညက ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ ခရစ္စတယ် ပဲလေ့စ်ကို  ၂ ဂိုး ၁ဂိုးနဲ့ ရှုံးတဲ့ ပွဲအပြီးမှာ နည်းပြ ကွန်တီက ပြောဆိုလိုက်တာပါ။ ချဲလ်ဆီး ရှုံးတဲ့အချိန်မှာ အနီးကပ်ဆုံးပြိုင်ဘက် စပါးစ်က အနိုင်ရလိုက်ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားမှာ ချဲလ်ဆီးက ၆၉ မှတ်၊ စပါးစ်က ၆၂ မှတ်နဲ့ ၇ မှတ်အကွာကို ရောက်ရှိလာပါတယ်။ ချဲလ်ဆီးဟာ မနေ့ညက ပွဲစဉ်မှာ ပွဲအစ ၅ မိနစ် ဖာဘရီဂတ်စ် သွင်းတဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပဲလေ့စ် တိုက်စစ်မှူး ဇာဟာက ချေပဂိုးကို ၉ မိနစ်မှာ ပြန်လည်သွင်းယူပါတယ်။ ပဲလေ့စ်အတွက် ဒုတိယ ဦးဆောင်ဂိုးကို ၁၁ မိနစ်မှာ တိုက်စစ်မှူး ဘန်တက်ကီက သွင်းယူပါတယ်။ ချဲလ်ဆီးက တဖက်သတ် ဘောလုံး ပိုင်ဆိုင်မှု အသာစီးယူနိုင်သလို ထိုးဖောက်ကန်သွင်းခွင့်လည်း ပိုရပေမယ့် ချေပဂိုး မသွင်းနိုင်ဘဲ အရှုံးပေးလိုက်ရပါတယ်။ ဒီပွဲမှာ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ ခြေစွမ်းပြ ကစားနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
5 years Ago
Up