စိတ်ဝင်စား

July 29, 2017

ချိန်ဘာလိန်နှင့် ဘာကလေကို ခေါ်ယူရန် ချဲလ်ဆီးနည်းပြ စိတ်ဝင်စား

ချဲလ်ဆီးနည်းပြကွန်တီဟာ အင်္ဂလန်ကစားသမားနှစ်ဦးဖြစ်တဲ့ ချိန်ဘာလိန်နဲ့ ဘာကလေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကွန်တီအနေနဲ့ အသင်းမှာ အင်္ဂလန်ကစားသမားကောင်းတွေ နည်းပါးနေတဲ့အတွက် ခေါ်ယူလိုနေခြင်းဖြစ်ပြီး ကစားသမားနှစ်ဦးစလုံးဟာ စာချုပ်သက်တမ်းနောက်ဆုံးအချိန် ကို ရောက်ရှိနေတာပါ။ အာဆင်နယ်အသင်းဟာ တောင်ပံတိုက်စစ်ကစားသမား ချိန်ဘာလိန်ကို  စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေပြီး ပေါင် ၂၅ သန်းလောက်ရမယ်ဆိုရင် ရောင်းချဖွယ်ရှိနေတာပါ။ အဲဗာတန်ကွင်းလယ်လူ ဘာကလေကတော့ အသင်းကထွက်ခွာဖို့ သေချာနေပြီး ချဲလ်ဆီး အသင်းအနေနဲ့ ပြောင်းရွှေ့ကြေးပဲ ဆွေးနွေးရဖွယ်ရှိနေပါတယ်။
4 years Ago
Up