စိတ်မနှံ့သူ အမျိုးသမီးတဦး

April 15, 2019

မန္တလေးမြို့ ကျုံးရေပြင်ထဲ စိတ်မနှံ့သူ အမျိုးသမီးတဦး ခုန်ချသေဆုံး

မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်း၊ ၁၉ လမ်း အနီး ကျုံးရေပြင်ထဲကို ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းက စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသမီးတဦး ခုန်ချသေဆုံးသွားခဲ့တယ်လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့က သိရပါတယ်။ ရေထဲခုန်ချသူကို မန္တလေးတိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းဆယ်ယူခဲ့ပြီး ရုပ်အလောင်းကို ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ သင်္ကြန်ကာလမှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး) အနေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့ ၂၀၀ ကျော်ကိုချိတ်ဆက်လုပ်ဆောင်ပေးတဲ့ အရေးပေါ် လူနာတင်ယာဉ် ကွပ်ကဲဌာနကို မန္တလေးမြို့ အာဇာနည်ဗိမာန် အနီးမှာ ဖွင့်လှစ်ထားပါတယ်။
3 years Ago
Up