မြန်မာနိုင်ငံရဲ့ ပထမဆုံး စာကြည့်တိုက် ဖုန်း app တခုကို ဒီကနေ့ စတင်မိတ်ဆက်လိုက်ပါတယ်။
ဒီမိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ လမ်းမတော် ၁၀ လမ်းမှာရှိတဲ့ သရပါစာကြည့်တိုက်မှာ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီက စတင်ကျင်းပခဲ့တာပါ။
ဒီ Save the Library App မှာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ စာကြည့်တိုက်တွေအကြောင်းကို အသေးစိတ် အချက်အလက်တွေနဲ့အတူ ဆက်စပ်အကြောင်းအရာတွေကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဒီ App ကို Save the Library စာကြည့်တိုက်များကွန်ရက်နဲ့ Myanmar Links တို့ ပူးပေါင်းပြီး ၂ လကြာ ရေးဆွဲခဲ့တာပါ။ iOS Version အတွက်ကိုလည်း ထပ်ပြီးရေးဆွဲမှာ ဖြစ်ပါတယ်။
6 years Ago