စာကြည့်တိုက်

July 26, 2019

ရန်ကုန်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းအတွက် စာကြည့်တိုက်များဖွင့်လှစ် 

ရန်ကုန်တိုင်းအစိုးရရဲ့ပံ့ပိုးမှုနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်း ၁၆ ကျောင်းက စာကြည့်တိုက်တွေဖွင့်ပွဲကို  ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ အ.လ. က(၁) ဒဂုံကျောင်းမှာ ကျင်းပပါတယ်။ စာသင်ကျောင်းတွေမှာ ကလေးပျော်စာကြည့်တိုက်တွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ စာကြည့်တိုက်တွေကို အခုလို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ စာကြည့်တိုက်တွေ ဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရကနေ စာအုပ်စင်တွေ စာအုပ်တွေနဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အဓိကပံ့ပိုးပေးခဲ့တာပါ။ ကျောင်းသား၊ ကျောင်းသူတွေ စာပေဗဟုသုတွေ လေ့လာနိုင်ဖို့အတွက် အခုနောက်ပိုင်းမှာ အခြေခံပညာစာသင်ကျောင်းတွေရဲ့ အချိန်ဇယားတွေမှာ စာကြည့်တိုက်သွားချိန် သီးသန့်ထည့်သွင်း ပေးထားပါတယ်။ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မြန်မာစာပေပံ့ပိုးကူညီမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတွေ၊ တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတွေနဲ့ ကျောင်းသူ ကျောင်သားတွေ တက်ရောက်ကြပါတယ်။ သတင်း၊ ဓာတ်ပုံ-ဆုဆုသွယ်
2 years Ago

June 28, 2019

နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ပါဝင်သည့် ပညာဒါနသင်တန်းကျောင်း ဖွင့်မည်

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တ္တရာလမ်းမဘေး ကြာနီကန်ရွာအဝင်လမ်းအနီးမှာ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက် ပါဝင်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာဒါနသင်တန်းကျောင်း ဖွင့်လှစ်ဖို့ရှိနေပါတယ်။ ဒီပညာဒါနကျောင်းကို မြန်မာ့ဆွစ်ကရုဏာဖောင်ဒေးရှင်းလို့ အမည်ပေးထားပြီး စက်ချုပ်ပညာရပ်၊ ကွန်ပျူတာပညာရပ်စတဲ့ ပညာရပ်တွေအပြင် အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား စတဲ့ ဘာသာစကားတွေကိုလည်း အခမဲ့ သင်ကြားပေးမှာပါ။ ဒီကျောင်းကို မကြာခင် စတင်တည်ဆောက်သွားမှာဖြစ်ပြီး လာမယ့်နှစ် နှစ်လယ်ပိုင်း အပြီးတည်ဆောက်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒီကျောင်းနေရာ ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို မင်္ဂလာမြန်မာကျောင်းမှ ဇွန် ၂၇ ရက် မနက်က ကျင်းပခဲ့ပါတယ်။ ပန္နက်ရိုက်မင်္ဂလာအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပညာဒါနကျောင်း အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။ သော်တာ
2 years Ago
Up