စားသောက်ဆိုင်ပိုင်ရှင်

July 28, 2019

တောင်​ငူမြို့တွင် စားသောက်ဆိုင်ပိုင်ရှင်တဦး ရထားရှေ့လှဲချပြီး အဆုံးစီရင်

ပဲခူးတိုင်း တောင်​ငူမြို့မှာ စား​သောက်​ဆိုင်​ပိုင်​ရှင်​တ​ဦး ရထားစက်​​ခေါင်း​ရှေ့ ဝမ်းလျား​မှောက်​ ဦး​ခေါင်းထိုးဝင်​ပြီး အဆုံးစီရင်​မှုဖြစ်​ပွားခဲ့တယ်လို့  သိရပါတယ်။ ပဲခူးတိုင်း​၊ တောင်​ငူခရိုင်၊ ​​တောင်​ငူမြို့မှာ ဇူလိုင် ၂၇ ရက်နေ့ ည​နေပိုင်းက စက်​​ခေါင်း​မောင်း ဦး​အောင်​​ဖေ​ ​မောင်းနှင်​လာတဲ့ ရထားအမှတ်​ ၂၀၆ အစုန်​ ကုန်​တင်​ရထားဟာ ​တောင်​ငူမြို့အဝင်​ မီးရထားမိုင်​တိုင်​အမှတ်​ ၁၆၇.(၁၁ နှင့် ၁၂) ကြားအ​ရောက်​မှာ အမျိုးသားတဦးအား ဖြတ်​ကြိတ်​မိတယ်​လို့ သိရပါတယ်​။ စက်​​ခေါင်း​မောင်းဦး​အောင်​​ဖေက “ရထား​မောင်းလာ​တော့ တိ/​မွေး/ကု ရုံးနားအ​ရောက်​မှာ လူတစဦး ရထားလမ်း အ​နောက်​ဘက်​ခြမ်းမှာ ရပ်​​နေတာ​တွေ့လို့ ရထားဟွန်းဆွဲပြီး ​မောင်းလာရင်းက အနားလည်း​ရောက်​​ရော အဲ့လူက ရထား​ရှေ့ကို ​လှဲချလိုက်​ပြီး ​ခေါင်းထိုးခံလိုက်​တာ” လို့ ​ပြောပါတယ်​။ ရထားကြိတ်​ခံရသူမှာ ​တောင်​ငူမြို့ ၉ ရပ်​ကွက်​မှာ ​နေထိုင်​တဲ့ ဖီလ်​လင်​ စား​သောက်​ဆိုင်​ပိုင်​ရှင်​ ဦးမြင့်​နိုင် ​(၅၁) ဖြစ်​ပြီး လွန်​ခဲ့တဲ့တ​နှစ်​​ကျော်​ကတည်းက ဆီးချို​သွေးချို ​ရောဂါ ခံစားနေရသူလို့ သိရပါတယ်​။
2 years Ago
Up