စားသောက်ဆိုင်ပိတ်

A d v e r t i s e m e n t With Us

January 31, 2021

ဗီယက်နမ်တွင် ကိုဗစ်-၁၉ ကြောင့် စားသောက်ဆိုင်များကို ဖိအားပေးပိတ်ခိုင်း

ဗီယက်နမ်နိုင်ငံမှာ ဇန်နဝါရီ ၃၁ ရက် တရက်တည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ၁၄ ယောက် ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါကြောင့် နိုင်ငံတွင်း ကူးစက်ခံ အတည်ပြုလူနာ စုစုပေါင်း ၁၇၈၁ ယောက် ကူးစက် ခံရအပြီး ကွမ်နင်ပြည်နယ်ထဲက စားသောက်ဆိုင်တွေကို အာဏာပိုင်တွေက ဖိအားပေး ပိတ်ထားခိုင်းခဲ့ပါတယ်။

ဟနွိုင်းမြို့တော်မှာတော့ တရုတ်နှစ်သစ်ကူးမတိုင်ခင် ကူးစက်မှုအသစ်ကို နှိမ်နင်းရေး အားထုတ်တဲ့အနေနဲ့ ကူးစက်ခံ အတည်ပြုလူနာတွေနဲ့ ထိတွေ့မိသူတွေကို ကျန်းမာရေး ဝန်ကြီးဌာနက ခြေရာကောက်နေပါတယ်။

ဇန်နဝါရီ ၃၀ ရက်က နိုင်ငံအလယ်ပိုင်းက ကော်ဖီ စိုက်ပျိုးရာ ဝေးလံသီခေါင်တဲ့ ဂီယာလိုင် ပြည်နယ်ထဲက ခရိုင် ၂ ခုမှာ ဗိုင်းရပ်စ် ကူးစက်ခံ ငါးယောက်ကို တွေ့ခဲ့လို့ ခရိုင်တွေမှာ အသွားအလာ ပိတ်ဆို့လော့ဒေါင်းချခဲ့ပါတယ်။

အဲဒီနေ့မှာပဲ ပထမဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေးကို အစိုးရက အတည်ပြုခဲ့ပြီး လက်ရှိ အာဏာရ ကွန်မြူနစ်ပါတီ အစည်းအဝေးကို ရက်လျှော့ ကျင်းပခဲ့ပါတယ်။

1 month Ago
Up