မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
စားသောက်ကုန်စျေးနှုန်း
Home
စားသောက်ကုန်စျေးနှုန်း
A
d
v
e
r
t
i
s
e
m
e
n
t
With Us
March 29, 2020
835
စားသောက်ကုန်စျေးနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်နေဟု MRCCI ပြော
COVID-19 ကြောင့် ဖြစ်ပေါ်တဲ့ အခြေခံ စားသောက်ကုန်စျေးနှုန်းတွေ တည်ငြိမ်စေဖို့ တဖက်တလမ်းက ကူညီဆောင်ရွက်ပေးနေတယ်လို့ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) က ပြောပါတယ်။
လတ်တလောမှာ မြို့နယ်အလိုက် လှည့်လည် ရောင်းချမှုတွေကို ရပ်နားထားပေမယ့် MRCCI အသင်းနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဆန်ကုန်သည်အသင်း၊ ဆီစက်ပိုင်ရှင်များအသင်း၊ မွေးမြူရေးအဖွဲ့ချုပ်တို့နဲ့ ပူးပေါင်းပြီး မှန်ကန်တဲ့ကုန်ဈေးနှုန်းအတိုင်း ရရှိစေဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သား၊ ကြက်သွန်နီ စတဲ့ စားသောက်ကုန်တွေကို ဈေးနှုန်းမှန်ကန်အောင် ရောင်းချပေးနေပြီး ဝယ်ယူရရှိနိုင်တဲ့နေရာတွေကိုလည်း MRCCI ရဲ့ လူမှုကွန်ရက် အကောင့်တွေကနေ ထုတ်ပြန်ကြေညာပေးနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ MRCCI အသင်းကြီးရဲ့ အတွင်းရေးမှူး ဦးဥက္ကာကျော်က “အခြေခံစားသောက်ကုန် ရောင်းချတဲ့လက်ရှိ အခြေအနေကတော့ ကျနော်တို့ ကုန်သည်ကြီးများ အသင်းအနေနဲ့ ၇ မြို့နယ်လုံးကို ဟိုတလောကလို လှည့်ပြီးတော့ ရောင်းချခြင်း မလုပ်တော့ဘူး။ သို့ပေမဲ့ ကျနော်တို့ရဲ့ ညီနောင်အသင်းတွေဖြစ်တဲ့ ဆန်စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း၊ နောက် ဆီစက်ပိုင်ရှင်များအသင်းနဲ့ မွေးမြူရေးအဖွဲ့ချုပ်တို့က တောက်လျှောက် သူတို့ရောင်းပေးနေတာ၊ ကျနော်တို့လည်း တောက်လျှောက် ဆိုရှယ်မီဒီယာပေါ်မှာလည်း ကြေညာချက်တွေ ထုတ်ပြန်နေတယ်၊ ဝယ်ယူရရှိတဲ့နေရာတွေလည်း ထုတ်ပြန်နေပါတယ်” လို့ ပြောပါတယ်။
လတ်တလောမှာလည်း အရပ်ဘက်အဖွဲ့အစည်းတချို့နဲ့ ပူးပေါင်းပြီး အိမ်ပြင်ထွက်ဈေးဝယ်ဖို့ အဆင်မပြေသူတွေအတွက် ပုံမှန်ဈေးနှုန်းတွေအတိုင်းရအောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဦးဥက္ကာကျော်က “Lockdown ဖြစ်သွားလို့ရှိရင်တော့ ကျနော်တို့က ဆင်ခြင်ဖို့တော့ရှိမှာပေါ့။ အခုလည်း လူမှုရေးအသင်းအဖွဲ့တွေကနေ ကျနော်တို့ကို ဆက်သွယ်ပြီးတော့မှ သူတို့က လိုက်ရောင်းတာ။ အဲ့အတွက်တော့ ကျနော်တို့က ဆန်တို့၊ ဆီတို့ လိုအပ်တဲ့ ပစ္စည်းပစ္စယတွေကို ကုန်ဈေးနှုန်း မှန်မှန်ကန်ကန်နဲ့ ရရှိစေရေး ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကစပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ပဲခြမ်းနဲ့ လက်ဖက်၊ နနွင်းမှုန့်၊ ငရုတ်သီးမှုန့်တွေပါတဲ့ လူတယောက်စာ စားသောက်ကုန်တွေကို ကျသင့်နှုန်းထားထက် လျှော့ချရောင်းပေးခဲ့တယ်လို့လည်း သိရပါတယ်။
မတ်လ ၂၃ ရက်နေ့ရဲ့နောက်ပိုင်းမှာတော့ ရောင်းချပေးမှုကို ခေတ္တရပ်တန့်ထားပြီး မှန်ကန်တဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ ဆိုင်တွေကို လူမှုကွန်ရက်ကနေ ကြေညာပေးနေတယ်လို့ ဆိုပါတယ်။
မိတ်ဖက် ကုန်သည်တွေအနေနဲ့ ဈေးနှုန်း အဆမတန်တက်ရောင်းချခြင်း မရှိကြောင်း၊ စိုးရိမ်မှု လွန်ကဲပြီး ဝယ်ယူစုဆောင်းကြတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ရလဒ်တွေ မပေါ်ပေါက်စေဖို့ MRCCI က ဝိုင်းဝန်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
သတင်း - ထိန်ထိန်လင်း၊
ဓာတ်ပုံ - ဦးဥက္ကာကျော်
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up