စားသုံးသူများ တန်းစီနေရသည့်

March 27, 2017

စားသုံးသူများ တန်းစီနေရသည့် လက်ဟန်သင်္ကေတ အိန္ဒိယစားသောက်ဆိုင် (ရုပ်သံ)

အိန္ဒိယရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းရဲ့ တောင်ပိုင်းမှာ စားသောက်ဆိုင် တဆိုင်က လက်ဟန်သင်္ကေတနဲ့ စကားပြောတဲ့ ဝန်ထမ်းတွေကို ခန့်ထားတဲ့ လူမှုရေး အပြောင်းအလဲတရပ်ကို တွန်းအားပေး လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ဆိုင်ရှေ့မှာ စားသုံးသူတွေ တန်းစီ စောင့်ဆိုင်းနေတာပါ။ ဒီဆိုင်က ဝန်ထမ်း ၂၇ ယောက်ဟာ အကြားနဲ့ အပြောစွမ်းရည် မပြည့်စုံသူတွေပါ။ စားသောက်ဆိုင်ရဲ့ စားသောက်ဖွယ် စာရင်းထဲမှာ စားပွဲထိုးတွေကို လက်ဟန်နဲ့ မှာလို့ရတဲ့ နည်းတွေ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် ဆား၊ ငရုတ်ကောင်းနဲ့ အချဉ်ရည်တို့လို မတူခြားနားတဲ့ ပစ္စည်းတွေကို စားပွဲထိုးတွေကို လက်ဟန်နဲ့ မှာနိုင်တဲ့ နည်းလမ်း ညွှန်ကြားချက်တွေကိုလည်း ဖော်ပြထားပါတယ်။ ဟင်းပွဲတွေကိုလည်း နာမည်တပ်ပေးထားပြီး မှာယူတိုင်းမှာ စားသုံးသူက ဘယ်ဟာ ဘယ်ဟင်းလဲဆိုတာ သိတာ သေချာစေပါတယ်။ စားသုံးသူတွေက လက်ဟန်သင်္ကေတနဲ့ မှာယူဖို့ အားပေးပေမယ့် လက်ဟန်သင်္ကေတ သုံးစရာ မလိုတဲ့ အကြား၊ အပြော စွမ်းရည် ပြည့်စုံသူ မန်နေဂျာ ၃ ဦးက လိုအပ်တာကို ကူညီဖို့ အဆင်သင့် စောင့်နေပါတယ်။ ဆိုင်က အောင်မြင်လို့ ပိုင်ရှင်တွေက နောက်ထပ် အလားတူ ဆိုင်သစ် ၂၁ ဆိုင်ကို ထပ်ဖွင့်ဖို့ စီစဉ်နေပါတယ်။ ဆိုင်သစ် ၁၈ ဆိုင်ကို အိန္ဒိယမှာ ဖွင့်မှာဖြစ်ပြီး လာမယ့် ၃နှစ်အတွင်း ဖွင့်သွားမှာပါ။ မွမ်ဘိုင်း ဆိုင်ခွဲက ဝန်ထမ်းတွေကတော့ လူသစ်တွေကို ကူညီသင်ကြားဖို့ အဆင်သင့် ဖြစ်နေပါပြီ။
5 years Ago
Up