စားဝတ်နေရေးအခက်အခဲဖြစ်နေသူများ

A d v e r t i s e m e n t With Us

April 6, 2020

ပုသိမ် အမှတ် ၂ ရပ်ကွက်ရှိ စားဝတ်နေရေးအခက်အခဲဖြစ်နေသူများကို စားသုံးကုန်များ လှူဒါန်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဧပြီလ ၅ ရက်နေ့ မနက်ပိုင်းက စေတနာရှင်တဦးက ရပ်ကွက်တွင်းရှိ စားဝတ်နေရေးအခက်အခဲ ဖြစ်နေသူတွေကို အခြေခံစား သုံးကုန်တွေ လှူဒါန်းခဲ့ပါတယ်။ COVID-19 ကူးစက်ပျံ့နှံ့နေမှုကြောင့်စီးပွားလုပ်ငန်းရှင်တွေတောင် အခက်အခဲဖြစ်နေချိန် အောက်ခြေ လူတန်စားတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေတာ ကြားသိရတာကြောင့် ခုလိုလှူဒါန်းဖြစ်တာလို့  လှူဒါန်းသူ ဟာဂျီ ဦးဇော်နိုင်က ပြောပါတယ်။ “ဒီလိုအခက်အခဲဖြစ်နေတဲ့ အချိန်မှာ ငါတို့လည်း တထောင့်တနေရာကနေ လှူချင်ကျတယ်၊ နောက်ကိုလည်း တက်နိုင်တဲ့လုပ်ငန်းရှင်တွေပေါင်းပြီး ဆက်လှူသွားဖို့ ရှိတယ်။” အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းက “ရပ်ကွက်ထဲက ဆင်းရဲတဲ့ပြည်သူတွေကို လှူဒါန်းတာပါ။ လူစုလူဝေးမဖြစ်အောင် ကျနော်တို့က တုံကင်ပြားလေးတွေ စီစဉ်ပေးပါတယ်၊ ရုံးကိုဝင်ရင်လည်း လက်ဆေးပြီးမှ ဝင်ခိုင်းပါတယ်။ ၁ ယောက်ကို ၃ ပေခြားပြီး လှူတာကို လက်ခံဖို့ စည်းကမ်းနဲ့ စီစဉ်ပေးခဲ့ပါတယ်” လို့ ပြောပါတယ်။ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အခြေခံ လူတန်းစား ၂၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်နဲ့ ခေါက်ဆွဲခြောက်တွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
11 months Ago
Up