စားဝတ်နေရေ

A d v e r t i s e m e n t With Us

May 1, 2020

စားဝတ်နေရေးခက်ခဲသည့် အခြေခံလူတန်းစားများ အကူအညီတောင်းနိုင်ဟု မွန်ဝန်ကြီးချုပ်ပြော

မွန်ပြည်နယ်အတွင်းရှိ အခြေခံလူတန်းစားတွေအနေနဲ့ စားဝတ်နေရေး အခက်အခဲရှိပါက အစိုးရဆီမှာ အကူအညီတောင်းခံနိုင်တယ်လို့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောပါတယ်။  Covid 19 အကျပ်အတည်းကြောင့် အခြေခံလူတန်းစားတွေ အလုပ်လက်မဲ့တွေ ဖြစ်လာပြီး စားဝတ်နေရေး အခက်အခဲရှိနေကြတာပါ။ မွန်ပြည်နယ်မှာတော့ ကိုရိုနာဗိုင်းစ် COVID-19 ရောဂါ ဖြစ်ပွားပြီး အချိန် ၁ လ ကျော်အကြာမှာ မြို့နယ်တချို့က ကျေးရွာတွေမှာ စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ်နေတာပါ။ အဲဒီစားဝတ်နေရေး အခက်အခဲရှိတဲ့ အခြေခံလူတန်းစာ နေ့လုပ်နေ့စားတွေအနေနဲ့ အစိုးရမှာ လာရောက် အကူအညီ တောင်းခံနိုင်ပြီး လိုအပ်ချက်တွေ အကန့်အသတ်နဲ့ ထောက်ပံ့ပေးသွားမယ်လို့ မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။ အခြေခံလူတန်းစားတွေကို စားသောက်ကုန်တွေ ထောက်ပံ့ပေးနိုင်အောင် စားဝတ်နေရေး အခက်အခဲရှိတဲ့ နေ့လုပ်နေ့စားတွေအနေနဲ့ အစိုးရကို တရားဝင် စာတင်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ COVID-19 အကျပ်အတည်းကြောင့် အခြေခံလူတန်းစာတွေအပြင် ရဟန်းသံဃာတွေပါ ဆွမ်းအတွက် အခက်အခဲ ဖြစ်နေတယ်လို့ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။ စားဝတ်နေရေး အခက်အခဲရှိနေတဲ့ အခြေခံလူတန်းစာတွေကို အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ထောက်ပံ့တာတွေ လုပ်ဆောင်ပေမယ့် ရေရှည်မှာ အခက်အခဲရှိလာနိုင်တယ်လို့ ဆိုပါတယ်။ အခြေခံလူတန်းစာတွေကို ပြီးခဲ့တဲ့ သင်္ကြန်ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့ အခြေခံစားသောက် ၅ မျိုးကို အစိုးရက ထောက်ပံ့ပေးထားပါတယ်။ ဇော်လွင်ထွဋ်
10 months Ago

April 2, 2020

အိန္ဒိယတွင် အသွားအလာ ကန့်သတ်မှုကြောင့် ကျူးကျော်နေသူများ စားဝတ်နေရေး အခက်ကြုံ

အိန္ဒိယနိုင်ငံတဝန်းလုံး အသွားအလာ ကန့်သတ်မှု Lock down လုပ်ထားတာကြောင့် ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေဟာ စားစရာမရှိသလို ဝယ်ဖို့လည်း ငွေမရှိကြတဲ့ အခက်အခဲ ကြုံတွေ့နေပါတယ်။     ဒေလီမြို့ အစွန်အဖျားက အန်နာနဂါ ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ ဘာပါအီဟာ  အမှိုက်ပုံက ပစ္စည်းတွေလိုက်ကောက်ကာ ပြန်ရောင်းပြီး မိသားစု ၉ ယောက်ကို ရှာကျွေးနေတာပါ။ Lock down စကတည်းက  သူတို့မိသားစုဟာ အလုပ်အကိုင် မရှိ၊ စားစရာ မရှိ ဖြစ်နေပြီး  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကိုလည်း စိုးရိမ်တယ်လို့ ဘာပါရီက ပြောပါတယ်။ ဒါ့အပြင် လူနေထူတဲ့  သူတို့ကျူးကျော်ရပ်ကွက်မှာ တဦးနဲ့တဦး ခပ်ခွါခွါ နေဖို့လည်း  ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်ဖို့ နိုင်ငံတဝန်းလုံးမှာ သီတင်း ၃ ပတ်   အသွားအလာ ကန့်သတ်တာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝန်ကြီးချုပ်မိုဒီက ကြေညာခဲ့ပါတယ်။   ဒီဆုံးဖြတ်ချက်ဟာ သန်းနဲ့ချီတဲ့ အိန္ဒိယဆင်းရဲသားတွေကို ငတ်မွတ်စေပြီး ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။    အစိုးရက ဆင်းရဲသားတွေကို  ငွေကြေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ရာ အမေရိကန် ဒေါ်လာ  ၂၂ ဒသမ ၆ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်တရပ်ကို မတ်လ ၂၆ ရက်က ကြေညာခဲ့ပေမယ့်  ကျူးကျော်နေ အများအပြားကတော့ အဲဒီထောက်ပံ့မှုကို မရကြသေးဘူးလို့ ဘာပါရီက ပြောပါတယ်။ “အစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေလိမ့်လယ်။ အခုတော့ ငတ်လို့ သေလိမ့်မယ်” လို့ ဘာပါရီက ဆိုပါတယ်။
11 months Ago
Up