စားနပ်ရိက္ခာ လိုအပ်

A d v e r t i s e m e n t With Us

May 12, 2020

ကပ်ဘေးကာလ ဘိုးဘွားများအတွက် အိမ်တိုင်ရာရောက် စားနပ်ရိက္ခာ ဝေမျှပေးနေ

ကိုဗစ်ကပ်ဘေးကာလမှာ နာမကျန်းဖြစ်နေသူတွေ၊ မသန်စွမ်းတွေနဲ့ သက်ကြီးဘိုးဘွားတွေအတွက်  အိမ်တိုင်ရာရောက် စားနပ်ရိက္ခာတွေ ဝေမျှပေးနေတဲ့ လိုရင် ခေါ်ပါ အစီအစဉ်ကို Clean Yangon က စတင်လုပ်ဆောင်နေပါတယ်။  Clean Yangon   အနေနဲ့ ဒီအစီအစဉ်ကို   မေလ ၁၂ ရက်နေ့က စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ရန်ကုန်မြို့တွင်းရှိ နာမကျန်းသူတွေနဲ့ သက်ကြီးဘိုးဘွားတွေကို  အိမ်တိုင်ရောက် စားနပ်ရိက္ခာတွေ လိုက်လံဝေ ပေးနေတာပါ။ လက်ရှိမှာ လိုရင်ခေါ်ပါ အစီအစဉ်ကို ဆက်သွယ်စာရင်းပေးထားတဲ့သူ ၁၈ ဦး လောက်ရှိပြီး တစ်ရက်ကို   အိမ်ထောင်စု ၁၀  ဦးနှုန်းနဲ့ သွားရောက်လှူဒါန်းပေးနေပါတယ်။   ဒီအစီအစဉ်ကနေ အိမ်ထောင်စု ၁၅၀ အထိ သွားရောက်လှူဒါန်းသွားဖို့ ပြင်ဆင်ထားပါတယ်။ အိမ်ထောင်စု တစ်စုကို ဆန်  ၆ ပြည် ၊ ဆီ ၅၀ သား ၊ ငါးသေတ္တာ ၊ အခြေခံစားသောက်ကုန်တွေ နဲ့ဆေးဝါးတွေကို  ဝေမျှပေးနေတာပါ။  နာမကျန်းဖြစ်နေတဲ့သူတွေနဲ့ သက်ကြီးဘိုးဘွားတွေအတွက် ရည်ရွယ်ကာ ဒီအစီအစဉ်ကို လုပ်ဆောင်တာဖြစ်တယ်လို့  Clean Yangon အဖွဲ့က ကိုဝင်းမြင့်ကျော်က ပြောပါတယ်။ ဘိုးဘွားတွေက  အသက် ၇၀ ၊ ၈၀ ကျော် အရွယ်ရှိတဲ့ ဘိုးဘွားတွေ အများဆုံး ပါဝင်နေပြီး ကျန်းမာရေး အားနည်းနေသူနဲ့ သွားလာဖို့ ခက်ခဲတဲ့သူတွေပါ။ သူတို့ကို မိသားစုဝင်တွေက ပြုစုစောင့်ရှောက် ထားပေမယ့်  မိသားစုဝင်တွေကလည်း စီးပွားရေး   အဆင်မပြေကြတာကိုလည်း ရှိပါတယ်။ သက်ကြီးဘိုးဘွားတွေကို ခုလို အိမ်တိုင်ရောက်လာရောက်လှူဒါန်းပေးတာက မိသားစုဝင်တွေအတွက်ပါ အထောက်အပံ့ဖြစ်စေ တယ်လို့ မိသားစုဝင်တစ်ဦး ဖြစ်တဲ့ ဒေါ်စန်းက ပြောပါတယ်။ ဒီအစီအစဉ်ကို ရန်ကုန်မြို့တွင်းမှာပဲ ကနဦး လုပ်ဆောင်နေတာဖြစ်ပြီး တခြားတိုင်းနဲ့ပြည်နယ်တွေက ဆက်သွယ်လာတဲ့သူတွေကို ပံ့ပိုးကူညီပေးဖို့  လုပ်ဆောင်နေပါတယ်။  နန့်ခိုင်
10 months Ago

March 14, 2020

မုန်တိုင်းဒဏ်ခံ အာဖရိက ၃ နိုင်ငံရှိ လူ ၂ သန်းအတွက် စားနပ်ရိက္ခာများ လိုအပ်ဆဲ

အာဖရိကအရှေ့ပိုင်းနိုင်ငံ ၃ ခုကို ဆိုင်ကလုန်း အိုင်ဒေး ဝင်ရောက်တာ မတ်လ ၁၄ ရက်ဆို တနှစ်ပြည့်သွားပြီ ဖြစ်ပေမဲ့ မုန်တိုင်းဒဏ်ခံ လူ ၂ သန်းအတွက် စားနပ်ရိက္ခာတွေ လိုအပ်ဆဲပဲလို့ သိရပါတယ်။ ဆိုင်ကလုန်း အိုင်ဒေးဟာ မိုဘမ်ဘစ်၊ ဇမ်ဘီယာနဲ့ ဇင်ဘာဘွေနိုင်ငံတွေကို ဝင်ရောက်ခဲ့ပြီး မိုဇမ်ဘစ်နိုင်ငံ ဘေးရာဆိပ်ကမ်းဟာ ဆိုင်ကလုန်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရတာပါ။ တနှစ်ပြည့်ပြီဖြစ်ပေမယ့်လည်း လူပေါင်းထောင်ချီပြီး ယာယီစခန်းတွေမှာ နေထိုင်ရဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ အသက် ၁၀၀ ရှိပြီဖြစ်တဲ့ အဘိုးအို ဗတ်စ်ကိုဂတ်စ်ပါလည်း အပါအဝင် ဖြစ်ပြီး ဘေးရာဆိပ်ကမ်းကနေ မိုင် ၄၀ အကွာ နာမာတန်ဒါခရိုင်က ယာယီစခန်းမှာ တယောက်တည်း နေထိုင်နေပါတယ်‌။ မုန်တိုင်းကျတုန်းက နံရံပိပြီး ရခဲ့တဲ့ဒဏ်ရာကြောင့် အခုအခါ ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရတာပါ။ အဘိုးအို ဂတ်စ်ပါအနေနဲ့ လစဉ် ရိက္ခာရရှိရမှာ ဖြစ်ပေမယ့် တခါတလေ ရိက္ခာနောက်ကျတတ်တယ်လို့ သူက ပြောပါတယ်။ မိုဇမ်ဘစ်အစိုးရဟာ ယာယီစခန်းကို အမြဲအခြေချနေရာ ပြောင်းဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်မှာတော့ မုန်တိုင်းသင့် ပြည်သူတွေဟာ တဲတွေ၊ ယာယီစခန်းတွေမှာ နေနေရပြီး ကိုယ့်စိုက်ခင်းတွေမှာ သီးနှံတွေ စိုက်ပျိုးနေရပါတယ်။ မိုဇမ်ဘစ်နိုင်ငံမှာ လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်လို့လည်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာသူများ အဖွဲ့က ၂၀၁၉ ဒီဇင်ဘာလမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် လူ နှစ်သန်းဟာ စားနပ်ရိက္ခာအကူအညီ လိုအပ်နေပြီး သူတို့အားလုံးရရှိအောင် ကြိုးပမ်းနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီးက ပြောခဲ့ပါတယ်။
12 months Ago
Up