စားနပ်ရိက္ခာထောက်ပံ့

October 2, 2020

စမ်းချောင်းမြို့နယ် မြေနီကုန်းတွင် ပရဟိတလူငယ်များအဖွဲ့က စားနပ်ရိက္ခာထောက်ပံ့ (ဓာတ်ပုံ)  

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်မှာ မြေနီကုန်း(မြောက်)ရပ်ကွက် ပရဟိတလူငယ်များအဖွဲ့က ဦးဆောင်ပြီး ရပ်ကွက်အတွင်းက အလှူရှင်တွေရဲ့ မတည်လှူဒါန်းငွေတွေနဲ့ ရပ်ကွက်အတွင်းရှိ ချို့တဲ့တဲ့မိသားစုတွေကို ဒီကနေ့မနက်က  စားနပ်ရိက္ခာတွေ ပြန်လည်ထောက်ပံ့ပေးနေပါတယ်။ ထောက်ပံ့ပေးတဲ့ ပစ္စည်းတွေအထဲမှာ မီးဖိုချောင်သုံးပစ္စည်းတွေဖြစ်တဲ့  ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ အပါအဝင် Mask နဲ့  Face shield တွေလည်း ပါဝင်ပါတယ်။
7 months Ago

June 16, 2020

Lockdown ချထားသည့် ကချင်ပြည်နယ်၊ ဝိန်ခမ်းကျေးရွာကို စားနပ်ရိက္ခာထောက်ပံ့

ကချင်ပြည်နယ်က ကိုဗစ်-၁၉ လူနာအမှတ် ၂၄၉ နေထိုင်ခဲ့တဲ့ လွယ်ဂျယ်မြို့နယ် ဝိန်ခမ်းကျေးရွာကို Lockdown ချထားတဲ့အတွက် ဇွန် ၁၄ ရက်နေ့မှာ လွယ်ဂျယ်မြို့နယ် ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးကော်မတီက ဆန်အပါအဝင်စားသောက်ကုန် ၈ မျိုးကိုထောက်ပံ့ခဲ့ပါတယ်။ လွယ်ဂျယ်မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းက "လူနာ ၂၄၉ နဲ့ အနီးစပ်ဆုံးထိတွေ့ခဲ့တဲ့ ရွာထဲကလူ ၂၃ ဦးရှိပေမဲ့ တစ်ရွာလုံးကို လော့ဒေါင်းချ အသွားအလာကန့်သတ်လိုက်ပါတယ်။ တစ်ရွာလုံးမှ ၅၅ အိမ်ပဲရှိတာဆိုတော့ စားသောက်ကုန်တွေထောက်ပံ့ခဲ့ပါတယ်”လို့ ပြောပါတယ်။ လူနာအမှတ် ၂၄၉ ဟာ ဝိန်ခမ်းကျေးရွာမှာ သားဖွားဆရာမအဖြစ် တာဝန်ကျနေစဉ် မေလနဲ့ ဇွန်လတွေက လွယ်ဂျယ်မြို့နယ်စပ်ဝင်ပေါက် ထွက်ပေါက်တွေမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ရောဂါလက္ခဏာ မခံစားရဘဲ တာဝန်ကျဝန်ထမ်းတွေကို ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရာမှ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ဝိန်ခမ်းကျေးရွာသာ ၂၃ ဦးကိုလည်း တို့ဖတ်နမူနာရယူ  ပို့ဆောင်စစ်ဆေးထားပါတယ်။ သတင်း - မုန်းမုန်းမင်း
11 months Ago
More News
Up