စားနပ်ရိက္ခာ

June 7, 2019

မင်းပြားတွင် စစ်ဘေးရှောင် ၃၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

မင်းပြားမြို့နယ်မှာ တပ်မတော်နဲ့ အေအေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် ၃၀၀၀ ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ မင်းပြားမြို့နယ်၊ စပါးထား၊ ဘိတ်တောင်၊ ရွှေတမာ၊ မြောင်းဘွေအနားတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲ့ဒီအနီးအနား ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးလာနေကြပြီး စားနပ်ရိက္ခာတွေ လိုအပ်နေတာလို့ MCYN မင်းပြားမြို့ ပရဟိတ လူငယ်ကွန်ရက် အဖွဲ့ခေါင်းဆောင် ကိုညီညီအောင်က ဒီဗွီဘီကိုပြောပါတယ်။ “မင်းပြားမြို့ထဲမှာရော၊ ရွာတွေက ဘုန်းတော်ကြီးကျောင်းတွေမှာ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်းစားရင်တွေအရ ဆိုရင် သုံးထောင်ကျော်လောက်ရှိမယ်။ ဘုန်းတ်ာကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ နေရာချပေးထားတယ်။ အခြေအနေက စားဝတ်နေရေးအဆင်ပြေဘူး၊ အကုန်အခက်ခဲဖြစ်နေကြတယ်။ ကယ်ဆယ်ရေးတွေကလည်း အဆင်သင့်မဖြစ်တဲ့ အခါကျတော့လေ၊ အရေးပေါ်လိုအပ်တာတွ အများကြီးပဲ။” ဒီလို ထွက်ပြေးတိမ်းရှောင်လာတဲ့အထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများအပြားပါဝင်နေပြီး နေရာထိုင်ခင်း၊ ဖျာတွေ၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်တယ်လို့ ဆိုပါတယ်။ မင်းပြားကျောင်းသစ်၊ သေကန်ကျေးရွာ၊ ဖားပျော်(ရခိုင်ရွာ) အမ်းသားကျေးရွာ၊ မြင်းတင်မကျေးရွာ၊ ပလဲပေါက်ကျေးရွာ၊ တံခွန်တိုင်ကျေးရွာ၊ သံရှင်ရွာသစ်၊ နဒင်ရွာသစ်၊ နဒင်ရွာဟောင်း၊ နော်နော်ကျေးရွာတွေမှာ စစ်ဘေးရှောင်းဒုက္ခသည် ၃၀၀၀ ကျော်လောက်ရောက် ရှိလာတာပါ။ တံခွန်တိုင်ကျေးရွာအုပ်ချုပ်ရေးမှူးက “အခုရွာကို တိုက်ပွဲဖြစ်လို့ပြေးလာတဲ့သူတွေရှိတယ်။ ရွာကို စစ်တပ်က ဝင်လာလို့ကြောက်ပြီး မိသားစုလိုက်ပြေးလာကြတာတွေရှိတယ်။ ရွာ ၄ ရွာက ထွက်ပြေးလာကြတာ။အားလုံးစုစုပေါင်း ကျနော်တို့ရွာကိုရောက်နေတာ ၄၇၀ ကျော်ရှိတယ်။ ကျနော်တို့ရွာမှာ အိမ်ခြေ ၁၀၀ ကျော်နီးပါးလောက်ပဲရှိတယ်။ ရေရှည်သူတို့နေဖို့ မလွယ်ဘူး။ အခုတောင် အကုန်ရိက္ခာတွေအကုန်ပြတ်နေပြီ၊ ဆန်ဆီဆားတွေ ဘာမှမရှိတော့ဘူး” လို့ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အနီးအနားက ကျေးရွာတွေကဖြစ်ကြတဲ့ မင်းကင်းဆိပ်၊ မင်းဖူး၊ ဝါးတောင်၊ ဘိတ်တောင်ရွှေတမာကျေးရွာတွေက နီးစပ်ရာကျေးရွာတွေဖြစ်ကြတဲ့ တံခွန်တိုင်း၊ မင်းတင်မ၊ ကုလားမတောင်ကျေးရွာတွေကို ထွက်ပြေးလာနေကြတာပါ။ ဒါ့အပြင် အခုရက်ပိုင်းက မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ ဘုန်းတော်ကြီးကျောင်းရှေ့မှာ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဘုးန်တော်ကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ကျေးရွာသား ၆ ဦးသေဆုံး၊ ၁၀ ဦးမထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တပ်မတော်တို့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အရပ်သားတွေ ဖမ်းဆီးခံရတာ၊ သေဆုံးတာတွေ အများအပြားရှိလာနေသလို စစ်ဘေးရှောင် ၅၀၀၀၀ နီးပါးအထိ ရှိလာနေတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
2 years Ago

May 14, 2019

မြောက်ကိုရီးယားနိုင်ငံတွင်း စားနပ်ရိက္ခာ ရှားပါးသည့်အကြောင်း ဆွေးနွေး

တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ရဲ့ အကြီးအကဲ ဒေးဗစ် ဘီးစလေတို့ဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း စားနပ်ရိက္ခာ ရှားပါးတဲ့အကြောင်း မေလ ၁၃ ရက်က ဆွေးနွေးခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်က ပြောပါတယ်။ အကျပ်အတည်းရဲ့ ပြင်းထန်မှုကို စိုးရိမ်တယ်၊ အရေးပေါ် လူသားချင်းစာနာမှု အကူအညီ လိုအပ်တယ်လို့ WFP အမှုဆောင်ညွှန်မှူးက ပြောချိန် မွန်းဂျဲအင်းက စာနာကြောင်း ပြောခဲ့တယ်လို့ အိမ်ပြာတော်က သတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသား ဆယ်ယောက်မှာ လေးယောက်ဟာ ကာလကြာရှည် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ကို ခံစားနေရတာပါ။ ဆယ်စုနှစ်အတွင်း အဆိုးဆုံး သီးနှံအထွက်နှုန်းကြောင့် နောက်ထပ် ပြတ်လပ်မယ့်ဘေးလည်း ရှိနေတယ်လို့ ကုလသမဂ္ဂက ဒီလအစောပိုင်းမှာ ပြောခဲ့ပါတယ်။ တရားဝင်ရိက္ခာကို ဒီနှစ်ထဲမှာ အနိမ့်ဆုံးအနေနဲ့ လူတယောက်ကို တရက် ၁၁ အောင်စထိ လျှော့ချခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ မြောက်ကိုရီးယားအစိုးရရဲ့ မေတ္တာရပ်ခံချက်အရ စားနပ်ရိက္ခာ လုံခြုံရေးစစ်တမ်းကို မတ်လ ၂၉ ကနေ ဧပြီ ၁၂ ရက်ကြား ကောက်ခံစစ်ဆေးအပြီးမှာ ခုလို ပြောလိုက်တာပါ။ နောက်ထပ် စစ်တမ်းတရပ်ကို ဇူလိုင်နဲ့ သြဂုတ်လအကြား ထပ်လုပ်ဖို့ WFP က စီစဉ်နေပါတယ်။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ အကူအညီကို မှီခိုနေရတာ နှစ်ချီ ကြာနေပါပြီ။ ကုလသမဂ္ဂဟာ မြောက်ကိုရီးယားနိုင်ငံတွင်း နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အကူအညီကို သီးခြားခွဲထားတယ်လို့ WFP အကြီးအကဲက မေလ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
3 years Ago
More News
Up