စားကုန်များလှူဒါန်း

October 28, 2020

ပဲခူးတွင် စားဝတ်နေရေးခက်ခဲနေသည့် အိမ်ထောင်စု ၅၀၀၀ ကျော်ကို စားကုန်များလှူဒါန်း

ပဲခူးမြို့က စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၅၀၀၀ ကျော် ကို We Love Bago အဖွဲ့ ကနေ ဆန်အပါအဝင် အခြေခံစားသောက်ကုန်ပစ္စည်း ၅ မျိုး ဒုတိယအကြိမ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ ပဲခူးမြို့မှာ အခြေခံလူတန်းစားတွေ အလုပ်အကိုင်တွေ အဆင်မပြေဖြစ်နေကြပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်နေကြတာပါ။ အဲဒီအတွက် WE Love Bago အဖွဲ့ကနေ ပဲခူးမြို့က စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုပေါင်း ၅၀၀၀ ကျော်ကို သိန်း ၄၀၀ ကျော်ဖိုး ဆန်အပါအဝင် ပစွည် ၅ မျိုးကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့က ထောက်ပံ့လှူဒါန်းခဲ့သလို အခုတကြိမ်မှာလည်း အိမ်ထောင်စု ၅၀၀၀ ကျော်ကို အလားတူ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး ၃ ရက်တိုင် လှူဒါန်းနေတယ်လို့ We Love Bago အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတင်စိုးက ပြောပါတယ်။ အခုတခါမှာတော့ အရင်တခေါက်က ကျန်ခဲ့တဲ့ သူတွေအပါအတင် အိမ်ထောင်စု ၅၀၀၀ ကျော်ကို တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၅၀သား၊ ပဲ ၅၀ သား၊ ဘဲဥ ၁၀ လုံးနဲ့ ငါပိဘူး ၃ ဘူးစီ လှူဒါန်းပေးနေပါတယ်။ အခြေခံလူတန်းစားတွေဟာ အလုပ်အကိုင်အခက်အခဲဖြစ်နေချိန်မှာ လှူဒါန်းတာတွေနဲ့ပဲ စားနေရတာကြောင့် အခုလို လာရောက်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း - အောင်စိုးမိုး
1 year Ago
Up