စာရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်​တရ ​ကျောက်​စာတိုင်​ဖွင့်ပွဲ ကျင်းပ

February 24, 2019

စာရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်​တရ ​ကျောက်​စာတိုင်​ဖွင့်ပွဲ ကျင်းပ

စာ​ရေးဆရာကြီး နန္ဒာသိန်းဇံအမှတ်​တရ ​ကျောက်​စာတိုင်​ဖွင့်ပွဲကို မန္တ​လေးတိုင်း​ဒေသကြီး အမရပူရမြို့နယ်​ ​တောင်​​လေးလုံး​ကျောင်းတိုက်​ ​အောင်​ခြင်းရှစ်​ပါး​ ကျောင်းဝင်းမှာ ဖေ​ဖော်​ဝါရီ ၂၄ ရက်​​နေ့က ကျင်းပပြုလုပ် ​ခဲ့ပါတယ်​။ “ဆရာကြီးနန္ဒာသိန်းဇံဟာ လူ့​လောက လူ့အဖွဲ့အစည်းအတွက်​ တန်​ဖိုးထား မြတ်​နိုးဖွယ်​ ​ကောင်းတဲ့ အသိပညာရတနာ​တွေကိုထားရစ်​ခဲ့တဲ့ ဆရာဖြစ်​ပါတယ်​။ ဆရာထားရစ်​ခဲ့တဲ့ အသိပညာ ဒသန​တွေဟာ လူ့​ဘောင်​ဝန်းကျင်​မှာ နှစ်​​ပေါင်းများစွာ ဆက်​လက်​ရှင်​သန်​​နေဦးမှာ ပါပဲ”လို့ စာ​ရေးဆရာဉာဏ်​သစ်​က​ ပြောပါတယ်​။ အခမ်းအနားကို ဆရာရဲ့တပည့်တွေ၊ စာေ​ရးဆရာ ကဗျာဆရာတွေ တက်​ရာက်ကြပြီး ​ဒေါက်​တာစန်းထွန်း၊ ​ဒေါက်​တာ​အေး​အေးမာ၊ ​ဒေါက်​တာထွန်း​ရွှေ၊ စိုးနိုင် (မန္တ​လေး​)၊ ​မောင်​​နွေထက်​၊ အနီ​မောင်​၊ ဇော်​ထိန်​၊​ မောင်​ဖြိုး​ဝေ၊ တက္ကသိုလ်​​တေဇာလင်း (ချပ်​သင်း)၊ ​ဇော်​ခိုင်​ဦး တို့က အမှတ်​တရစကား အမှတ်​တရကဗျာများ ရွတ်​ဖတ်​ ​ပြောကြားခဲ့ပါတယ်​။ ဆရာကြီးနန္ဒာသိန်းဇံဟာ ခ​ရောင်းလမ်းကိုဖြတ်​​ကျော်​ခြင်း အပါအဝင်​ ဒဿနစာအုပ်​​ပေါင်း ၁၉ အုပ်​နဲ့အတူ အင်္ဂလိပ်​ဘာသာနဲ့စာအုပ် ၂ အုပ်​လည်း ထုတ်​​ဝေခဲ့ကာ ၂၀၁၁ခုနှစ်​သြဂုတ်​လ ၁၁ ရက်​​နေ့မှာ ကွယ်​လွန်​ခဲ့ပါတယ်။
2 years Ago
Up