စာမေးပွဲ​နောက်​ဆုံးရက်​တွင် ကေတီဗီနှင့် အရက်ဆိုင်​များပိတ်​သိမ်းရန်​ အမိန့်​ထုတ်

March 13, 2019

စာမေးပွဲ​နောက်​ဆုံးရက်​တွင် ကေတီဗီနှင့် အရက်ဆိုင်​များပိတ်​သိမ်းရန်​ အမိန့်​ထုတ်

မန္တ​လေးတိုင်း​၊ ချမ်း​မြသာစည်​မြို့်​နယ်​အတွင်းက တက္ကသိုလ်​ဝင်​စာ​မေးပွဲ​ ဖြေဆိုကြမယ့် ​ကျောင်းသား/သူ​တွေ အ​နှောင့်အယှက်​မဖြစ်​​စေဖို့ စင်​တင်​​တေးဂီတ ကာရာအို​ကေ(KTV) ဆိုင်​တွေနဲ့ ယစ်​မျိုးဆိုင်​​တွေအားလုံးကို လုံးဝပိတ်​သိမ်းဖို့ ဒေသန္တရအမိန့်​ ထုတ်​ပြန်​ပါတယ်​။ တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​​နောက်​ဆုံး​နေ့ ဖြစ်​တဲ့ မတ်​လ ၁၃ ရက်​​ကစပြီး ၁၅ ရက်​​အထိ တက္ကသိုလ်​ဝင်​တန်း​ဖြေဆိုကြမယ့် ​ကျောင်းသား/သူတွေအတွက်​ အ​နှောင့် အယှက်​မဖြစ်​​စေရန်​နဲ့ ယာဉ်အန္တရာယ်​ကင်းစင်​​စေရန်​ ရည်​ရွယ်​ပြီး မန္တ​လေးတိုင်းစီမံခန့်​ခွဲမှုကော်​မတီက ထုတ်​ပြန်​ထားဖြစ်ပါတယ်​။ ချမ်းမြသာစည်​မြို့နယ်အတွင်းမှာ ယစ်​မျိုစုံဆိုင်​​ပေါင်း ၄၀၀ ​ကျော်​ရှိပြီး စင်​တင်​ ကာရာအို​ကေ KTV ဆိုင်​​ပေါင်း ၁၀၀ ​ကျော်​ရှိပါတယ်။
2 years Ago
Up