စာပေဟောပြောပွဲ

February 9, 2019

အနီးမြင် အဝေးမြင် စာပေဟောပြောပွဲ ကျင်းပ

ပထမဆုံးအကြိမ်အဖြစ် မြန်မာစာပေနဲ့ မြန်မာဘာသာစကား အနီးမြင် အဝေးမြင် စာပေဟောပြောပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့က ရန်ကုန်မြို့ ကုန်သည်လမ်းမှာရှိတဲ့ စာပေဗိမာန်မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်နဲ့ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းတို့က ကြီးမှူးကျင်းပါတာပါ။ မြန်မာစာပေနဲ့ မြန်မာဘာသာစကား အနီးမြင် အဝေးမြင် စာပေဟောပြောပွဲမှာတော့ စာရေးဆရာ ဦးစောထွန်း (စောလူ)၊ ဒေါက်တာသိန်းထွန်းနဲ့ ဒေါက်တာကိုလေးတို့က စာတမ်းဖတ်တာတွေနဲ့ မြန်မာစာပေအရေးအသားနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဟောပြောခဲ့ကြပါတယ်။ အနီးမြင် အဝေးမြင်စာပေဟောပြောပွဲကို စာပေ မြတ်နိုးတန်ဖိုးထားတဲ့ စာပေပညာရှင်တွေနဲ့ စာပေဝါသနာရှင်တွေ အများစု တက်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် လူငယ်တွေ မြန်မာစာပေကို မြတ်နိုးပြီး စိတ်ဝင်စားလာဖို့အတွက် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ စာပေဟောပြောပွဲကို လာမယ့်မတ်လအတွင်းမှာ ကျင်းပပေးသွားမယ်လို့ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းက ပြောပါတယ်။
2 years Ago
Up