စာပေဆု

September 16, 2018

စာပေဆု နာမည်စာရင်းတင်သွင်းထားမှု ရုပ်သိမ်းပေးရန် ဂျပန်စာရေးဆရာ တောင်းဆို

စာရေးတာကိုပဲ ပိုပြီးအာရုံစိုက်ချင်တာကြောင့် New Academy Prize စာပေဆုအတွက် နာမည်စာရင်း တင်သွင်းထားမှုကနေ ပြန်ရုပ်သိမ်းပေးဖို့ ဂျပန်စာရေးဆရာ ဟာရုခိမူရခါမိက တောင်းဆိုလိုက်ပါတယ်။ ဒီဆုဟာ အခုနှစ် ချီးမြှင့်မယ့် စာပေနိုဘယ်လ်ဆုအစား ဖန်တီးခဲ့တဲ့ဆုဖြစ်ပါတယ်။ နောက်ဆုံး အမည်စာရင်းတင်သွင်းခံရသူ ၄ ဦးထဲမှာ မူရခါမိ ပါဝင်ကြောင်း သြဂုတ်လမှာ ကြေညာခံခဲ့ရတာပါ။ အခုလိုအမည်စာရင်း တင်သွင်းခံရတဲ့အထိ ရွေးချယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း မူရခါမိက ပြောထားတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ နယ်ပယ်အသီးသီးမှာ နိုဘယ်လ်ဆုရသူတွေကို ကြေညာအပြီး ဒီဆုရရှိသူကို  အောက်တိုဘာလ ၁၂ ရက်မှာ ထုတ်ပြန်ကြေညာမှာပါ။ ဆုပေးပွဲကိုတော့ နိုဘယ်လ်ဆုပေးပွဲမတိုင်ခင် တရက်အလို ဒီဇင်ဘာလ ၉ ရက် ကျင်းပမှာပါ။
3 years Ago
Up