စာအုပ်ဆိုင်

April 26, 2020

ဟောင်ကောင်က ထွက်ပြေးလာသည့် လမ်ဝင်းကီး၏စာအုပ်အရောင်းဆိုင် ဝယ်ယူအားပေးသူများ

တရုတ်အစိုးရက ဖိစီးနှိပ်စက်မှာကို စိုးရိမ်ပြီး ဟောင်ကောင်ကနေ ထွက်ပြေးလာတဲ့ စာအုပ်ရောင်းသူ တဦးဟာ ထိုင်ဝမ်မှာ စာအုပ်ဆိုင်ဖွင့်ခဲ့ပါတယ်။  ထိုင်ဝမ်မြို့တော် ထိုင်ပေက သူ့ရဲ့ အသစ်စက်စက် စာအုပ်ဆိုင်ကို ဟောင်ကောင်သားတွေ ကြိတ်ကြိတ်တိုး ဝယ်ယူ အားပေးတာကို ဧပြီ ၂၅ ရက်က တွေ့ရတာပါ။  သူဟာ တရုတ်ပြည်မကြီးက ခေါင်းဆောင်တွေကို ဝေဖန်တဲ့ စာအုပ်တွေကို ရောင်းတဲ့ ဟောင်ကောင်က စာအုပ်ဆိုင်မှာ အလုပ်လုပ်နေတုန်း ၂၀၁၅ ခုနှစ်က အဖမ်းခံရတာပါ။ ၈ လကြာ ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရတဲ့ လမ်ဝင်းကီးဟာ မနှစ်က ထိုင်ဝမ်မှာ လာရောက် ခိုလှုံခဲ့ပါတယ်။  ဒီအမှုဟာ အကြီးအကျယ် အငြင်းပွားစရာ ဖြစ်လာခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေး အချက်အခြာ တနေရာဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ်ထိန်းချုပ်မှု တိုးလာတဲ့အပေါ် ကြောက်ရွံ့မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။ လမ်ဟာ ထိုင်ပေမှာ စာအုပ်ဆိုင် မဖွင့်ခင် ရက်ပိုင်းအတွင်း အမျိုးသား တယောက်က အနီရောင် သင်္ဘောဆေးတွေနဲ့ ပက်တာကို ခံခဲ့ရပါသေးတယ်။ ဒါကြောင့် ဒီသီတင်းပတ် အစောပိုင်းက သတင်းစာခေါင်းကြီးပိုင်းမှာ သူ့သတင်းကို ဖော်ပြခဲ့ ကြပါတယ်။  “ထိုင်ဝမ်ကို ပြောင်းလာအပြီး ပိုပြီး တိုက်ခိုက်ခံရမှာ စိုးရိမ်တယ်၊ ထိုင်ပေမြို့လယ်မှာ နိုင်ငံ ရေးစာအုပ်တွေ စုထားတဲ့ စာအုပ်ဆိုင် သေးသေးလေးကို ပြန်ဖွင့်ပြီး တရုတ်ကွန်မြူနစ်ပါတီကို ဆက်ပြီး ဆန့်ကျင်သွားမယ်” လို့ လမ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။   
1 year Ago

March 25, 2020

သီးခြားစောင့်ကြည့်ခံရသူများအတွက် အိမ်တိုင်ရာရောက်ပို့ပေးသည့် သြစတြေးလျ စာအုပ်ဆိုင်

သြစတြေးလျမှာ သီးခြားစောင့်ကြည့်ခံရတဲ့ စာဖတ်သူတွေနဲ့ နေအိမ်က အပြင် မထွက်လိုသူတွေကို စာအုပ်ဆိုင်တဆိုင်က အိမ်တိုင်ရာရောက် စာအုပ်တွေ ပို့ဆောင်ပေးနေပါတယ်။ စက်ဘီးနဲ့ အိမ်တိုင်ရာ‌ရောက် ဆောင်ပေးသူ နာရီဒါရော့စ်က “စာအုပ်တွေဟာ အိမ်မှာ အောင်းနေရသူတွေအတွက် ထွက်ပေါက်” ဖြစ်တယ်လို့ ပြောပါတယ်။  အစိုးရက လူစုလူဝေးတွေကို ကန့်သတ်ခဲ့ချိန်မှာ ဆစ်ဒနီမြို့မှာ အနှစ် ၄၀ လောက်  စာအုပ်ဆိုင်ဖွင့်လာတဲ့ Gleebooks က သူ့ရဲ့ အွန်လိုင်းဝန်ဆောင်မှုကို အခမဲ့ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။  ကုန်ခြောက်ဆိုင်၊ ဆေးဆိုင်နဲ့ တခြား မရှိမဖြစ်အရေးပါတဲ့ ဆိုင်တွေကလွဲပြီး တခြားဆိုင်အားလုံးကို အစိုးရက ပိတ်ပစ်ဖို့ အမိန့်ပေးပြီးနောက်မှာ မတ် ၂၃ ရက်ကစလို့ ကန့်သတ်ချက်တွေ ထပ်တိုးလာခဲ့ပါတယ်။  Gleebooks စာအုပ်ဆိုင် စက်ဘီးနဲ့လိုက်ပို့တဲ့ ဧရိယာပြင်ပမှာရှိတဲ့ ဝယ်သူတွေအတွက် သြစတြေးလျဒေါ်လာ ၅၀ အထက် မှာယူသူတွေကို စာပို့ခ အခမဲ့ ပို့ဆောင်ပေးတယ်လို့လည်း  ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago
Up