စာအုပ်ဇာတ်သိမ်းခန်း

November 3, 2018

စာအုပ်ဇာတ်သိမ်းခန်းကို ကြိုပြောသဖြင့် လုပ်ဖော်ကိုင်ဖက်အား သိပ္ပံပညာရှင်က ဓားဖြင့်ထိုး

ဖတ်နေတဲ့ စာအုပ်တွေရဲ့ ဇာတ်သိမ်းခန်းကို အမြဲကြိုပြောလေ့ရှိတာကြောင့် လုပ်ဖော်ကိုင်ဖက်တယောက်ကို ရုရှားသိပ္ပံပညာရှင်တဦးက ဓားနဲ့ ထိုးခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ ဝေးလံသီခေါင်တဲ့ တောင်ဝန်ရိုးစွန်းက ကင်းဂျော့ရှ်ကျွန်းမှာရှိတဲ့ ဘဲလ်လင်ရှုဆန် သုတေသတနစခန်းမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အသက် ၅၅ နှစ်အရွယ် ဆာဂေဆာဗစ်စကီနဲ့ အသက် ၅၂ နှစ်အရွယ်အိုလက် ဘီလိုဂူဆော့ဗ်တို့ဟာ ဘဲလ်လင်ရှုဆန် စခန်းမှာ လေးနှစ်ကြာအတူတကွ လက်တွဲလုပ်ခဲ့သူတွေဖြစ်ပြီး သူတို့နှစ်ဦးကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့မှာတော့ ဆာဗစ်စကီက မီးဖိုချောင်သုံး ဓားတချောင်းကို ယူဆောင်လာပြီးတော့ ဘီလိုဂူဆော့ဗ်ရဲ့ ရင်ဘတ်ကို ထိုးခဲ့ပါတယ်။ ဒါဟာ အန္တာတိကမှာ မှတ်တမ်းတင်ခဲ့ဖူးသမျှ ပထမဆုံးသော လူသတ်ဖို့ကြံစည်မှုဖြစ်ပြီးတော့ ဒီလိုကြံစည်မှုကိုဖြစ်စေတဲ့ အကြောင်းပြချက်ကလည်း ပိုလိုတောင်ထူးဆန်းနေပါသေးတယ်။ အကြောင်းကတော့ ဒါဟာ စာအုပ်တွေရဲ့ ဇာတ်သိမ်းခန်းကို ကြိုတင်ပြောဆိုမှုကြောင့် ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ဝေးလံသီခေါင်တဲ့ ကျွန်းပေါ်မှာ သူတို့အချိန်တွေကို ကုန်ဆုံးဖို့ စာအုပ်တွေနဲ့သာ ဖြတ်သန်းရပြီး နှစ်ယောက်စလုံးဟာ စာဖတ်ဝါသနာပါသူတွေလို့ ရုရှားမီဒီယာ တွေမှာ ဖော်ပြပါတယ်။ ဘီလိုဂှုဆော့ဗ်ဟာ သူဖတ်ပြီးသား စာအုပ်တွေကို တခြားတယောက်ဖတ်နေချိန်မှာ အဲဒီစာအုပ်နဲ့ ပတ်သက်တာတွေကို ပြောပြတတ်တဲ့ အကျင့်တခုရှိပြီး သူ့ရဲ့အကျင့်ကို ဆာဗစ်စကီက အချိန်အတော်ကြာ သည်းခံခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာ ၉ ရက်နေ့မှာတော့ သည်းခံနိုင်စွမ်းကုန်ဆုံးဟာ ဓားနဲ့ ထိုးခဲ့တာပဲ ဖြစ်ပါတယ်။ ဘီလိုဂူဆော့ဗ်ဟာ သူ့အကျင့်ဆိုးကြောင့် ဓားနဲ့ ရင်ဘတ်ကိုအထိုးခံခဲ့ရပြီး ဓားကသူ့နှလုံးကို ထိခဲ့ပေမယ့်လည်း ကံကောင်းစွာနဲ့ အသက်ရှင်ခဲ့ပြီး အခုချိန်မှာ ပြန်လည်ကျန်းမာလာခဲ့ပြီဖြစ်ပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းကြီး ဆာဗစ်စကီကတော့ လူသတ်ဖို့ကြိုးပမ်းမှုနဲ့ တရားရင်ဆိုင်နေရပါတယ်။
3 years Ago
Up