စာအိတ်မပါ

A d v e r t i s e m e n t With Us

October 30, 2020

စာအိတ်မပါဘဲ မဲပုံးထဲထည့်ခဲ့သည့်  ကြိုတင်မဲလက်မှတ်များ ပယ်မဲဖြစ်မှာစိုးရိမ်  

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စု ဝါးခုတ်တောမဲရုံမှာ အောက်တိုဘာ ၂၉ ရက်နေ့က အသက် ၆၀ ကျော်အရွယ်မဲဆန္ဒရှင်တွေ လာရောက်ပေးခဲ့တဲ့ ကြိုတင်မဲလက်မှတ်တွေကို စာအိတ်ထဲပိတ်မထည့်ဘဲ  မဲပုံးထဲတိုက်ရိုက်ထည့်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါတယ်။ သထုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ခင်သန်းနွဲ့က “ဖြစ်စဉ်ကတော့ဟုတ်ပါတယ်။  ကျမတို့လည်း အဆင့်ဆင့်ပြန်မေးပြီး ဒီလိုစာအိတ်မပါဘဲ ထည့်တဲ့ မဲလက်မှတ်တွေက ပယ်မဲဖြစ်သွားမလား ဆိုတာ စည်းဝေးဆုံးဖြတ်ကြပါတယ်။ ညွှန်ကြားချက်အတိုင်းဆိုရင်တော့ စာအိတ်ထဲထည့်ပြီး တုံးထုရမယ်လို့ပါ ပါတယ်။ တကယ်တမ်းဥပဒေထဲမှာတော့ ပဲမယ်နဲ့ ခိုင်လုံမဲမှာစာအိတ်ထဲမထည့်လို့ ပယ်မဲဖြစ်သွားတယ်ဆိုပြီး မပါပါဘူး။ ကျမတို့ကော်မရှင်အနေနဲ့လည်း မဲတွေအားလုံးကို တန်ဖိုးထားပါတယ်။ တော်ရုံတန်ရုံလောက်နဲ့ ပယ်မဲမပေးပါဘူး။ မနေ့ကပေးခဲ့တဲ့ကြိုတင်မဲတွေကိုတော့ ကြိုးပိတ်ထားတဲ့အတိုင်းဘဲထားသွားပါမယ်။ ဒီနေ့ ဆက်ပြီးပေးမယ့်ကြိုတင်မဲတွေကိုတော့ စာအိတ်နဲ့ သေချာပိတ်ပြီးမှ ထည့်ခွင့်ရအောင်ဆောင်ရွက်သွားပါမယ်။” လို့ ဒီဗွီဘီ ကိုပြောပါတယ်။ သထုံမြို့နယ်၊ ကြက်တူရွေးသောင်ကျေးရွာအုပ်စုရှိ ဝါးခုတ်တောမဲရုံမှာ အောက်တိုဘာ ၂၉ ရက်က  အသက် ၆၀ နှစ်နဲ့အထက်  မဲဆန္ဒရှင် ၉၀ ကျော်က ကြိုတင် ဆန္ဒမဲလာရောက်ပေးခဲ့ကြတယ်လို့  သိရပါတယ်။  စာအိတ်ထဲပိတ်မထည့်ဘဲ  မဲပုံးထဲတိုက်ရိုက်ထည့်ခဲ့တဲ့ ကြိုတင်မဲတွေ ပယ်မဲဖြစ်သွားပါက နိုင်ငံရေးပါတီတွေအနေနဲ့ အများကြီးနစ်နာမှုရှိနိုင်တယ်လို့ သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် စောမျိုးမင်းဌေးက ပြောပါတယ်။ “ကော်မရှင်အနေနဲ့က စာအိတ်လေးပေါက်တဲ့ကိစ္စကိုတောင် ပယ်မဲလို့ဆုံးဖြတ်ရင် အခုလိုကြိုတင်မဲပေးတဲ့နေရာမှာ စာအိတ်မပါဘူးဆိုတော့ လုံး၀ပယ်မဲဖြစ်မယ့်ပုံသဏ္ဍာန် ရှိပါတယ်။ ဘယ်ပါတီကိုပဲပေးပေး ၁ မဲနိုင်ရင် အသာရနေတဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ အများကြီးနစ်နာပါတယ်။ သက်ဆိုင်ရာကော်မရှင်ကလည်း မဲရုံတာ၀န်ဆောင်ရွက်မယ့်သူတွေကို လည်း လေ့ကျင့်သင်ပေးထားတဲ့အတွက် ဒီလိုအမှားမျိုးကမမှားသင့်တဲ့အမှားပါ။” သထုံမြို့နယ်အတွင်းမှာ အသက် ၆၀ နှစ်နဲ့ အထက် ကြိုတင်မဲပေးနိုင်သူ ၂၆၃၈၃ ဦးရှိပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲအတွက် သထုံခရိုင် ၄ မြို့နယ်မှာ မဲရုံပေါင်း ၃၇၄ ရုံ ဖွင့်လှစ်ကျင်းပမှာဖြစ်ပြီး   ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ  ၇ သိန်းနီးပါး ရှိတယ်လို့  သထုံခရိုင်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ ယူမင်းစိုး
3 months Ago
Up