စာသင်ကျောင်း ၅ ကျောင်း

August 2, 2019

ဘူးသီးတောင်မြို့နယ်တွင် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထားရ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ညောင်ချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်း ၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ ဘူးသီးတောင်မြို့နယ် ဒုတိယပညာရေးမှူး ဦးမောင်ဝင်းနိုင်က ပြောပါတယ်။ “ညောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက် တရားဝင်ယာယီပိတ်ထားရတာ ၅ ကျောင်း ရှိပါတယ်။ ဒီအပတ်တော့ ပြန်ဖွင့်ဖြစ်မှာပါ။ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုတော့ တရားဝင်ပိတ်ထားတာ မရှိပါဘူး။ စစ်ဘေးဒုက္ခသည်တွေ ရောက်ရှိနေတဲ့ နေရာနဲ့ အနီးဆုံးကျေးရွာက စာသင်ကျောင်းတွေမှာ ပညာသင်ကြားခွင့်ပြုထားပါတယ်။” ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းတွေကတော့ ညောင်ချောင်း အ.ထ.က (ခွဲ)၊ ည ညောင်ချောင်းမူလွ န်(ရခိုင်)၊ သိမ်တောက်ပြင် (မူလွန်)၊ သိမ်တောင်ပြင် (မူလွန်)၊ ဒိုင်းနက်ရွာ၊ ကံကော်မြိုင် အ.မ.က ကျောင်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ “လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်သံတွေက ကြားရတာက ၃ ရက်ရှိပါပြီ။ ဒီနေ့မှာတော့ လေယာဉ်ပါ ပျံလာတဲ့အတွက် ကလေးတွေကို ပြန်လွှတ်လိုက်ပါတယ်”လို့ ဖုံညိုလိပ်ကျေးရွာ အ.ထ.က(ခွဲ)မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားမိဘတဦးဖြစ်သူ မာမတ်တာဟဲရ်က ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တမတော်(အေအေ)တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြင်ချောင်း၊ မြိုမချောင်း|အလယ်ချောင်း|၊ သရက်ပြင်၊ သျှစ်သျှားတောင်၊ ဥယာဉ်သာ၊ စံဂိုးထောင်၊ နွားရုံတောင်၊ ကံပြင်၊ စည်တောင်၊ စပါးထား စတဲ့ ကျေးရွာတွေက ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရသလို စာသင်ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ရဲ့ ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတွေဟာ ၇ လကျော်အထိကြာမြင့်လာပြီဖြစ်ပါတယ်။ အခုဆိုရင် အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၅၀၀၀၀ လောက်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး အကူအညီတွေ လိုအပ်နေတာပါ။
ရခိုင္ျပည္နယ္ ဘူးသီးေတာင္ၿမိဳ႕နယ္ ေညာင္ေခ်ာင္းနယ္ေျမရဲစခန္း တိုက္ခိုက္ခံရၿပီးေနာက္ စာသင္ေက်ာင္း ၅ ေက်ာင္း ယာယီပိတ္ထားရတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ ဒုတိယပညာေရးမႉး ဦးေမာင္ဝင္းႏိုင္က ေျပာပါတယ္။ “ေညာင္ေခ်ာင္းစခန္း တိုက္ခိုက္ခံရၿပီးေနာက္ တရားဝင္ယာယီပိတ္ထားရတာ ၅ ေက်ာင္း ရွိပါတယ္။ ဒီအပတ္ေတာ့ ျပန္ဖြင့္ျဖစ္မွာပါ။ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးေနၾကရတဲ့ ေက်း႐ြာေတြက စာသင္ေက်ာင္းေတြကိုေတာ့ တရားဝင္ပိတ္ထားတာ မရွိပါဘူး။ စစ္ေဘးဒုကၡသည္ေတြ ေရာက္ရွိေနတဲ့ ေနရာနဲ႔ အနီးဆုံးေက်း႐ြာက စာသင္ေက်ာင္းေတြမွာ ပညာသင္ၾကားခြင့္ျပဳထားပါတယ္။” ယာယီပိတ္ထားရတဲ့ စာသင္ေက်ာင္းေတြကေတာ့ ေညာင္ေခ်ာင္း အ.ထ.က (ခြဲ)၊ ည ေညာင္ေခ်ာင္းမူလြ န္(ရခိုင္)၊ သိမ္ေတာက္ျပင္ (မူလြန္)၊ သိမ္ေတာင္ျပင္ (မူလြန္)၊ ဒိုင္းနက္႐ြာ၊ ကံေကာ္ၿမိဳင္ အ.မ.က ေက်ာင္းေတြ ျဖစ္တယ္လို႔ သိရပါတယ္။ “လက္နက္ႀကီး လက္နက္ငယ္ေတြ ပစ္ခတ္သံေတြက ၾကားရတာက ၃ ရက္ရွိပါၿပီ။ ဒီေန႔မွာေတာ့ ေလယာဥ္ပါ ပ်ံလာတဲ့အတြက္ ကေလးေတြကို ျပန္လႊတ္လိုက္ပါတယ္”လို႔ ဖုံညိဳလိပ္ေက်း႐ြာ အ.ထ.က(ခြဲ)မွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသားမိဘတဦးျဖစ္သူ မာမတ္တာဟဲရ္က ေျပာပါတယ္။ ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္တမေတာ္(ေအေအ)တို႔ၾကား ျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျပင္ေခ်ာင္း၊ ၿမိဳမေခ်ာင္း|အလယ္ေခ်ာင္း|၊ သရက္ျပင္၊ သွ်စ္သွ်ားေတာင္၊ ဥယာဥ္သာ၊ စံဂိုးေထာင္၊ ႏြား႐ုံေတာင္၊ ကံျပင္၊ စည္ေတာင္၊ စပါးထား စတဲ့ ေက်း႐ြာေတြက ျပည္သူေတြ ႐ြာလုံးကြၽတ္ ထြက္ေျပးေနၾကရသလို စာသင္ေက်ာင္းေတြလည္း ပိတ္ထားရတယ္လို႔ သိရပါတယ္။ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ (ေအေအ) တို႔ရဲ႕ ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲေတြဟာ ၇ လေက်ာ္အထိၾကာျမင့္လာၿပီျဖစ္ပါတယ္။ အခုဆိုရင္ အဲဒီတိုက္ပြဲေတြေၾကာင့္ ေဒသခံျပည္သူ ၅၀၀၀၀ ေလာက္ဟာလည္း စစ္ေဘးတိမ္းေရွာင္ေနၾကရၿပီး အကူအညီေတြ လိုအပ္ေနတာပါ။
2 years Ago
Up