စာသင်ကျောင်းအချို့ ပြန်ဖွင့်

October 20, 2020

ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသည့် အိန္ဒိယတွင် စာသင်ကျောင်းအချို့ ပြန်ဖွင့်

အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်၊ ပန်ဂျပ်နဲ့ ဆစ်ခင်မ်ပြည်နယ်တွေမှာ အောက်တိုဘာ ၁၉ ရက်က စပြီး ကျောင်းတွေကို တစိတ်တပိုင်း ပြန်ဖွင့်လိုက်ပါတယ်။ နိုင်ငံအနှံ့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးအတွင်း ကူးစက်ခံဦးရေ ဆက်လက် မြင့်တက်နေတာကြောင့် ကျောင်းတွေကို ၆ လကျော် ပိတ်ထားအပြီး ခုလို ပြန်ဖွင့်လိုက်တာပါ။ အရင်လက ပြည်ထောင်စုအစိုးရဟာ ကျောင်းတွေ တဖြည်းဖြည်းချင်း ပြန်ဖွင့်နိုင်ရေး ပြည်နယ်အစိုးရတွေက ဆုံးဖြတ်ဖို့ ခွင့်ပြုတဲ့ လမ်းညွှန်ချက်တွေ အရင်လက ထုတ်ပြန်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ဘေး ကင်းဝေးရေး လုပ်ဆောင်ချက်တွေကို လိုက်နာနိုင်ဖို့ နဂို လက်ခံနိုင်တဲ့ကျောင်းသား ဦးရေရဲ့ ထက်ဝက်ကို လက်ခံပြီး အောက်တိုဘာ ၁၅ ရက်က စကာ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တခြားပညာရေးဆိုင်ရာ သင်တန်းတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ဥတ္တာပရာဒေ့ရှ်နဲ့ ပန်ဂျပ်ပြည်နယ်တွေမှာ ကျောင်းမတက်ခင် ကျောင်းသားတွေက ပါးစပ်၊ နှာခေါင်းစည်းတွေကို ဝတ်ထားပြီး သူတို့လက်တွေကို ဆေးပြီး ကိုယ်ပူချိန် တိုင်းထွာ စစ်ဆေးတာကို ခံယူနေပုံ ရုပ်သံကို ဒေသခံ ရုပ်သံတွေက ပြသပါတယ်။ အိန္ဒိယနိုင်ငံမှာ အောက်တိုဘာ ၁၉ ရက်ထိ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ ၇ ဒသမ ၅၅သန်း ရှိနေပြီး ကမ္ဘာ့ဒုတိယကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ၂၄ နာရီအတွင်း အသစ်ကူးစက်ခံဦးရေ ၅၅၇,၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေက ပြထားပါတယ်။
2 years Ago
Up