စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

January 20, 2020

စာသင်ကာလ တိုးမြှင့်မှုကို မန္တလေးပညာရေးကောလိပ်ကျောင်းသားများ လမ်းလျှောက်ဆန္ဒပြ

မန္တလေးပညာရေးကောလိပ် ကျောင်းသားတွေက ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့ မတ်လကုန်အထိ စာသင်ချိန်တိုးမြင့်ခဲ့တဲ့အပေါ် ပြန်လည်ပြင်ဆင်ပေးဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့က လမ်းလျှောက်တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ဗကသ ကျောင်းသားအောင်ဖြိုးဝေက “ကျနော်အနေနဲ့ ပညာရေးဝန်ကြီးဌာနအနေနဲ့ ထုတ်ပြန်လိုက်တဲ့မတ်လကုန်အထိ စာသင်ချိန် တိုးမြှင့်လိုက်တာကြောင့် ကျောင်းသားငယ်တွေနဲ့ မိဘတွေ/ဆရာမတွေ အခက်အခဲများစွာ တွေ့ကြရမှာဖြစ်တယ်။ ဒီမိုကရေစီနည်းလမ်းကျကျ ပြောင်းလည်းဖို့ ဆရာမတွေအနေနဲ့ရော ကျောင်းသား တွေအနေနဲ့ပါ တောင်းဆိုနေတာဖြစ်ပါတယ်။ အဲလိုတောင်းဆိုမှသာ ကျနော်တို့ ဒီမိုကရေစီပညာရေးနဲ့အညီ နိုင်ငံတော်ရဲ့ပညာရေး ကလေးတွေ ပညာရေးရော တိုင်းပြည်ရဲ့ပညာရေးရော ကောင်းမွန်လာမှာဖြစ်တယ်။ ဒါကြောင့် အခု ပညာရေး ဝန်ကြီးဌာက ထုတ်ပြန်ထားတာကို ပြင်ဆင်ပေးဖို့တောင်းဆိုရတာဖြစ်တယ်”လို့ ပြောပါတယ်။ အခြေံပညာကာလ တိုးမြှင့်ခြင်းအား အမြန်ဆုံး ပြန်လည်ဖျက်သိမ်းပေးရေး၊ ဒီမိုကရေစီ စနစ်နဲ့အညီ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာရေး၊ သုတေသန မဆန်သော ပညာရေး စနစ် အလိုမရှိ၊ အာဏာရှင်ဆန်သော ပညာပြောင်းလဲမှု အလိုမရှိ စတဲ့ တောင်းကြွေးကျော်သံများ ကြွေးကျော်ပြီး ကျောင်းသား/သူ ၁၀၀ နီးပါးက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
1 year Ago
Up