ဗြိတိန်နိုင်ငံရဲ့ ဒေသအတော်များများမှာ လေပြင်း၊ နှင်းနဲ့ မိုးတွေ ဆိုးဆိုးရွားရွား ရွာသွန်း တိုက်ခတ်နေလို့ ဇန်န၀ါရီ ၁၃ ရက်က ရေမကြီးအောင် ပြင်ဆင် ထားရပါတယ်။
လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းပြီး ကျောင်းတွေလည်း ပိတ်ထားပါတယ်။ လမ်းသွား လမ်းလာတွေအတွက် အနှောင့်အယှက် ဖြစ်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံတလွှား ရေလွှမ်းမိုးမှု သတိပေးချက် နေရာ တစ်ရာလောက် ထုတ်ပြန်ထားရပါတယ်။
အမြင့်ဆုံး အဆင့်က ၁၁ ဖြစ်ပြီး အသက်ဘေးအန္တရာယ် ရှိတယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။
ရေအမြင့် တိုးလာလို့ အရှေ့ပိုင်းကမ်းရိုးတန်းဒေသ နေရာတချို့ ရေကြီးမှာကို အာဏာပိုင်တွေ စိုးရိမ် နေကြပါတယ်။ နိုင်ငံ အနောက်ပိုင်းမှာ နှင်းဆက်ကျမှာ ဖြစ်ပြီး နိုင်ငံတလွှား ရေခဲတွေကြောင့် ကားမောင်းရတဲ့ အခြေအနေအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ဆိုပါတယ်။
ဓာတ်ပုံ-The Sun
6 years Ago