စာသင်ကျောင်းများ

February 8, 2018

အားကစားကို ဘာသာရပ်တခုအနေဖြင့် စာသင်ကျောင်းများတွင် သင်ကြားသင့်

နိုင်​ငံတကာနည်းတူ အားကစားကို ဘာသာရပ်​တခုအ​နေနဲ့ မသင်​ကြားနိုင်​ခဲ့ရင်​​တောင်​ အချိန်​အနည်းငယ်​​ပေးပြီး ​နေ့စဉ်​ အားကစားအချိန်​တချိန်ကို စာသင်​ချိန်​ပြီးရင်​ ထည့်ပေးသင့်တယ်​လို့ မြန်​မာနိုင်​ငံ​ ပြေးခုန်​ပစ်​အဖွဲ့ချုပ်​ တွဲဖက်​အတွင်း​ရေးမှူး ဦးထွန်း​မြင့်က ​ပြောပါတယ်​။ အားကစားကို ပြိုင်​ပွဲဝင်​ရုံသက်​သက်​ မဟုတ်​ဘဲ စနစ်​တကျ တိုးတက်​ပြီး ​အနာဂတ်​မှာ​ အောင်​မြင်​မှု​တွေ ရလာဖို့ ​ကျောင်း​တွေမှာ ဘာသာရပ်​တခုအ​နေနဲ့ သင်​ကြားသင့်ကြောင်း နည်းပြ​တွေနဲ့ လက်​​ရွေးစင်​ ကစားသမား​တွေကလည်း​ သုံးသပ်​​နေကြပါတယ်​။ လက်​ရှိမှာ အားကစားအားလုံးနီးပါးဟာ ပြည်​တွင်းပြိုင်​ပွဲ​တွေ ကျင်းပမှု အားနည်းတာအပြင်​ နိုင်​ငံတကာပြိုင်​ပွဲ​တွေ ​စေလွှတ်​ယှဉ်​ပြိုင်​နိုင်​မှု အားနည်းတာ​ကြောင့် တဖြည်းဖြည်း နိမ့်ကျလာခဲ့ပါတယ်​။ ဒါ့အပြင်​ နိုင်​ငံတွင်းက လက်​​ရွေးစင်​ ကစားသမားသစ်​​တွေ ​ပေါ်ထွက်​လာဖို့အတွက်​ လူငယ်​​တွေ အားကစားကို ပိုမိုစိတ်​ဝင်​စားဖို့ လိုအပ်​​နေပါတယ်​။ မြန်​မာနိုင်​ငံအ​နေနဲ့ လာမယ့် ဒီဇင်​ဘာလမှာ အာဆီယံ ​တက္ကသိုလ်​​ပေါင်းစုံ အားကစားပြိုင်​ပွဲကို လက်​ခံကျင်းပဖို့ ရှိနေ​ပေမယ့် အဆင်​သင့် မဖြစ်​​သေးဘူးလို့ သိရပါတယ်​။ အာဆီယံတက္ကသိုလ်​​ပေါင်းစုံ​ ပြိုင်​ပွဲဟာ မြန်​မာနိုင်​ငံအတွက်​ အလှမ်း​ဝေးကွာ​နေသလို၊​ ဝင်​​ရောက်​ယှဉ်​ပြိုင်​တဲ့ အ​တွေ့အကြုံလည်း နည်းပါးတာ​ကြောင့် အောင်​မြင်​မှုရရှိဖို့ ရုန်းကန်​ရမယ့် အ​ခြေအ​နေမှာ ရှိ​နေပါတယ်​။
3 years Ago
Up