စာသင်ကျောင်းပျက်စီး

February 2, 2019

နှစ်​​ ၁၀၀ ကျော်​သက်​တမ်း သစ်​ပင်​ကြီးကျိုးကျ၊ စာသင်​​ကျောင်း အမိုးနှင့်မျက်နှာကြက် ပျက်​စီး

မ​ကွေးမြို့နယ်​ သ​ပြေစမ်း​ကျေးရွာမှာ ​ဖေ​ဖော်​ဝါရီ ၁ ရက်​​နေ့ ​နေ့လယ်ပိုင်းက နှစ်​​ပေါင်း ၁၀၀ ကျော် ​သက်​တမ်းရှိ သစ်​ပင်​ကျိုးကျခဲ့လို့ အ​ခြေခံပညာအလယ်​တန်း​ကျောင်း အမိုးနဲ့ မျက်​နှာကြက်တချို့ ပျက်စီးခဲ့ပါတယ်။ မ​ကွေးတိုင်း​ လွှတ်​​တော်​ကိုယ်စားလှယ်​ ဦး​ကျော်​​ဌေးက "​သစ်​ပင်​က နှစ်​​ပေါင်း ၁၀၀ေ​ကျော်​ သက်​တမ်းရှိပြီ။ အ​ပေါ်ဝိတ်​များလို့ တစ်​ဗျစ်​ဗျစ်​နဲ့ အသံမြည်​​နေတာ ၁၀ ရက်​ ၁၅ ရက်​​လောက်​ရှိနေပြီ။ ဖေ​ဖော်​ဝါရီလ ၁ ရက်​​နေ့က​ ကျောင်းသား​လေး​တွေ စာသင်​​နေတဲ့အချိန်​မှာ အသံပိုမြည်​​တဲ့အတွက်​ က​လေး​တွေကို အပြင်​ထုတ်​ပြီး ၅ မိနစ်​​လောက်​အကြာမှာ သစ်​ပင်​လဲကျခဲ့ပြီး ​ကျောင်းအမိုးနဲ့ မျက်​နှာကြက်​တ​ချို့ ပျက်စီးခဲ့တာပါ။ ကာလတန်​ဖိုး အ​နေနဲ့ ငါးသိန်းကျပ်​ဖိုး​လောက်​ ကုန်​ကျမှာဖြစ်​ပြီး ထိခိုက်​ဒဏ်​ရာရတာ မရှိပါဘူး။ စာ​မေးပွဲနား နီး​နေတဲ့ အတွက်​ ရုံးဖွင့်ရက်​မှာ သက်​ဆိုင်​ရာ ပညာ​ရေးမှူးကို​ပြောပြီး အမြန်​ဆုံးပြုပြင်​​ပေးဖို့ ဝန်​ကြီးကို တင်​ပြမှာပါ" လို့ ပြောပါတယ်။ မ​ကွေးတိုင်း​ ပညာ​ရေးမှူးဦး​အောင်​မြင့်ကလည်း “သဘာဝ​ဘေးအတွက်​ ပျက်​စီးဆုံးရှုံးတဲ့ စရိတ်​ကို အဆင့်ဆင့် တင်​ပြလာရင် ရုံးချုပ်​ကို ချက်​ချင်းတင်​ပြပြီး အမြန်​ဆုံး ပြင်​ဆင်​သွားမှာပါ" လို့ဆိုပါတယ်​။ အဲဒီရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး အနီးအနားရွာတွေက  ကျောင်းသားကျောင်းသူတွေလည်း လာရောက် သင်ကြားနေကြတာ ဖြစ်ပါတယ်။ သတင်း-မင်းထီး  
2 years Ago
Up