စာရင်းသွင်းရမည်

October 10, 2019

ဖူဆယ်လိဂ်ပြိုင်ပွဲဝင်မည့်အသင်းများ အောက်တိုဘာလကုန် နောက်ဆုံးထား စာရင်းသွင်းရမည်

ဖူဆယ်လိဂ် ၂၀၁၉-၂၀၂၀ ပြိုင်ပွဲ ဝင်မယ့်အသင်းတွေအနေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ထံ အောက်တိုဘာ ၁၆ ရက်ကနေ ၃၀ ရက်အထိ နောက်ဆုံးထား စာရင်းပေးသွင်းရမယ်လို့ သိရပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ် ၂၀၁၉-၂၀၂၀ ပြိုင်ပွဲကို ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲဝင်အသင်း ၁၀ သင်း၊ ခြေစစ်ပွဲအောင်မြင်တဲ့ ၂  သင်းတို့နဲ့ စုစုပေါင်း ၁၂ သင်း သတ်မှတ် ကျင်းပသွားမယ်လို့ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ခြေစစ်ပွဲဝင်မည့်အသင်းတွေဟာ ပြိုင်ပွဲဝင်ကြေး ငွေကျပ် ၁ သိန်းနဲ့ စပေါ်ငွေ ၁ သိန်း ပေးသွင်းရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ယှဉ်ပြိုင်ရမယ်လို့ ဆိုပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ် ဖူဆယ်လိဂ် ၂၀၁၉-၂၀၂၀ ပြိုင်ပွဲကို နိုဝင်ဘာ တတိယပတ် ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ အာမခံကြေး သိန်း ၃၀၊ ပြိုင်ပွဲဝင်ကြေးအဖြစ် ၅ သိန်းနဲ့ စပေါ်ငွေ ၂ သိန်း စုစုပေါင်း ၃၇ သိန်း ပေးသွင်းရမှာပါ။ ပြိုင်ပွဲဝင် ကလပ်အသင်းတသင်းဟာ ကစားသမား အနည်းဆုံး ၁၆ ဦးကနေ အများဆုံး အယောက် ၂၀ ‌(နိုင်ငံခြားသား ၂ ဦး) နဲ့ ဖွဲ့စည်းနိုင်ပြီး ၁ - ၁ - ၂၀၀၁ ခုနှစ်နောက်ပိုင်း မွေးဖွားသူ အသက် ၁၉ နှစ်အောက် ကစားသမား ၂ ဦး မဖြစ်မနေ ပါဝင်ရမယ်လို့ သိရပါတယ်။
2 years Ago
Up