စာတိုက်လုပ်ငန်း

A d v e r t i s e m e n t With Us

September 15, 2015

ဒရုန်းလေယာဉ်ဖြင့် ပါဆယ်ထုပ်ပို့နိုင်ရေး ဖင်လန် စာတိုက်လုပ်ငန်း စမ်းသပ် (ရုပ်သံ)

ဖင်လန်နိုင်ငံ စာတိုက်လုပ်ငန်းက မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေနဲ့ ပါဆယ်ထုပ်တွေကို ပို့ဆောင်မယ့် အစီအစဉ်ကို မကြာခင်ကဘဲ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ ၄ ရက်ကြာ စမ်းသပ်မှုအတွင်း ဟယ်ဆင်ကီးမြို့တော်ကနေ ၅ ကီလို အကွာအဝေးက ကျွန်းတကျွန်းကို ၃ ကီလိုအထိ အလေးချိန်ရှိတဲ့ ပါဆယ်ထုပ်တွေကို စမ်းသပ်ပို့ဆောင်ခဲ့ပါတယ်။ ပထမစမ်းသပ်မှုအတွင်း ပို့ဆောင်ရမယ့် နေရာနဲ့ အနည်းငယ်လွဲသွားတာက လွဲလို့ ပြဿ  နာ များများစားစား မရှိခဲ့ဘူးလို့ ဖင်လန်စာတိုက်က ပြောပါတယ်။ လူနေထူထပ်တဲ့မြို့ပြမှာ ဒီလို ဒရုန်းလေယာဉ်တွေနဲ့ စာတိုက်ပစ္စည်းတွေပို့မယ့် အစီအစဉ်ဟာ ဥရောပမှာ ပထမဆုံးဖြစ်တယ်လို့ ဖင်လန်စာတိုက်လုပ်ငန်းက ပြောပါတယ်။ နောက်ထပ် ၂ နှစ် ၃ နှစ်လောက် ထပ်အချိန်ယူရမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကတော့ ရှိရမှာ ဖြစ်တယ်လို့ ဖင်လန်စာတိုက် ဒု-ဥက္ကဋ္ဌက ပြောပါတယ်။ ဒရုန်းလေယာဉ်ငယ် ထုတ်လုပ်တဲ့ကုမ္ပဏီ စီအီးအိုကလည်း ဒီမောင်းသူမဲ့ ဒရုန်းလေယာဉ် နည်းပညာဟာ လူသားတွေရဲ့ စိတ်ကူးကို လက်တွေ့ အကောင်အထည် ဖော်နိုင်တဲ့ နည်းပညာအသစ်ဖြစ်ပြီး တဖြည်းဖြည်း အဆင့်မြင့်လာတာနဲ့အမျှ၊ စိုက်ပျိုးရေး၊ သစ်တော၊ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်တွေနဲ့ ယာဉ်ကြော ထိန်းချုပ်တာတွေ စတဲ့ မတူထူးခြားတဲ့ လုပ်ငန်းတွေအတွက် ကုမ္ပဏီအများအပြားက သုံးစွဲလာတာကို တွေ့မြင်ရလိမ့်မယ်လို့ ပြောပါတယ်။ အမေဇုန်ကုမ္ပဏီကလည်း သူ့ရဲ့ ဒရုန်းလေယာဉ်သုံး ပစ္စည်းပို့ဆောင်မှုလုပ်ငန်းကို စတင် စမ်းသပ်နေပါတယ်။ မိုးလေဝသ အခြေအနေကို ကြိုတင်မခန့်မှန်းနိုင်တာ၊ အကွာအဝေးနဲ့ သယ်ယူနိုင်တဲ့ အလေးချိန် အကန့်အသတ် စတဲ့အခက်အခဲတွေကတော့ ရှိနေဆဲပဲ ဖြစ်ပါတယ်။
5 years Ago
Up