စာချုပ် ဖျက်

December 30, 2020

တိုက်စစ်မှူး ကော်စတာ အက်သလက်တီကိုအသင်းနှင့် စာချုပ် ဖျက်

တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ အက်သလက်တီကိုအသင်းနဲ့ တရားဝင် စာချုပ် ဖျက်သိမ်း လိုက်ပါတယ်။  အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့လည်း ကော်စတာဘက်က အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုခဲ့ပြီး အသင်းဘက်ကလည်း ခွင့်ပြုပေးခဲ့တာဖြစ် ပါတယ်။ နည်းပြ ဆီမြွန်နီကတော့ ကော်စတာကို အသင်းဘက်ကနည်းမျိုးစုံနဲ့ ကူညီပေးဖို့ ကြိုးပမ်းခဲ့ပြီး သူ့ဘက်ကလည်း အများကြီးပေးဆပ်ခဲ့တယ်လို့ ပြောပါတယ်။ ကော်စတာအနေနဲ့ စိန်ခေါ်မှုအသစ်တွေ လိုအပ်တယ်လို့ ခံစားရပြီး တိုက်ပွဲဝင်စိတ်ဓာတ်ရှိသူ ဖြစ်လို့ ဘယ်အသင်းကိုပဲ ပြောင်းရွှေ့သည်ဖြစ်စေ  ခြေစွမ်းပြနိုင်လိမ့်မယ်လို့လည်း နည်းပြ ဆီမြွန်နီက ချီးကျူးခဲ့ပါတယ်။  ၂၀၁၄ ခုနှစ်ကလည်း အက်သလက်တီကိုကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့က ကော်စတာဟာ ဒုတိယအကြိမ် တီကိုကနေ ထွက်ခွာသွားတာဖြစ်ပါတယ်။ ကော်စတာဟာ ဒဏ်ရာပြဿနာတချို့ကြောင့် ၃ နှစ်အတွင်းမှာ လာလီဂါ ၄၃ ပွဲသာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပြီး ၁၂ ဂိုးသွင်းယူခဲ့ပါတယ်။
10 months Ago
Up