စာချုပ်သက်တမ်းတို

March 8, 2020

စာချုပ်သက်တမ်းတိုး ကမ်းလှမ်းချက် ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ် ပယ်ချ

ချဲလ်ဆီးတိုက်စစ်မှူး အေဗရာဟမ်ဟာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်း ချက်ကို ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူး အေဗရာဟမ်ဟာ ပြီးခဲ့တဲ့နှစ်က ဒါဘီအသင်းမှာ အငှားထွက်ကစားခဲ့ပြီး အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူးတဦးဖြစ်ပါတယ်။  ပရီးမီးယားလိဂ် ၂၅ ပွဲမှာ ၁၃ ဂိုးသွင်းယူထားတာကြောင့် ချဲလ်ဆီးအသင်းက စာချုပ်သစ်ချုပ်ဆိုပြီး လုပ်ခတိုးပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် အေဗရာဟမ်က ပယ်ချခဲ့ပါတယ်။ Mirror သတင်းစာရဲ့ အဆိုအရ  အေဗရာဟမ်အနေနဲ့ လုပ်ခနဲ့ပတ်သက်ပြီး အဆင်မပြေမူ တစုံတရာရှိနေတယ်လို့ ဆိုပါတယ်။  ချဲလ်ဆီးအသင်းဟာ တခြားအင်္ဂလန်ကြယ်ပွင့် ဟက်ဆန်အိုဒွိုင်းကို တပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ နဲ့ ၅ နှစ်ချုပ်ဆိုထားပါတယ်။ နောက်ထပ် လူငယ်တွေဖြစ်ကြတဲ့ ရိစ်ဂျိမ်း၊ မေဆန်မောင့်၊ တိုမော်ရီ၊ လော့ဖ်တပ်ချိခ် နဲ့ ဂယ်လ်မော တို့ကိုတော့ ချဲလ်ဆီးအသင်းက စာချပ်သက်တမ်းတိုးမြှင့်နိုင်ခဲ့ပါတယ်။ 
2 years Ago

မန်ယူနိူက်တက်နှင့် ကွင်းလယ်သမား မာတစ် စာချုပ်သက်တမ်းတိုးရန် သဘောတူ

မန်ယူနိုက်တက် ကွင်းလယ်ကစားသမား မာတစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမူ ရသွားပြီလို့သိရပါတယ်။  အသက် ၃၁ နှစ်ရှိ ဆားဘီးယားကွင်းလယ်လူ မာတစ်ဟာ  အခုနှစ် ဘောလုံးရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ ထွက်ခွါဖို့ နီးစပ်ခဲ့တာပါ။  လက်ရှိအချိန်မှာတော့ အသင်းမှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်  မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မာတစ်ဟာ နည်းပြဟောင်း မော်ရင်ဟို လက်ထက်ကတည်းက ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ ပြောင်းရွှေ့လာခဲ့တဲ့ မာတစ်ဟာ ယူနိုက်တက်အသင်းအတွက် စုစုပေါင်း ၁၀၈ ပွဲမှာ ၄ ဂိုးသွင်းယူပေးထားပါတယ်။ 
2 years Ago
Up