စာချုပ်သက်တမ်း

November 5, 2020

စာချုပ်သက်တမ်းမတိုးရသေးသော်လည်း ရာမို့စ်အသင်းတွင် ဆက်ရှိမည်ဟု ရီးရဲလ်နည်းပြပြော

ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ရာမို့စ်အနေနဲ့ အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ နည်းပြ ဇီဒန်းက ပြောပါတယ်။  နောက်ခံလူ ရာမို့စ်ဟာ အခုနှစ်နွေရာသီအကုန်မှာ အသင်းနဲ့စာချုပ်သက် တမ်းကုန်ဆုံးမှာ ဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးရခြင်း မရှိသေးတာပါ။  အင်တာမီလန်နဲ့ပွဲမှာ ရာမို့စ်ဟာ အနိုင်ဂိုး ၁ဂိုးသွင်းခဲ့ပြီး  ရီးရဲလ်မက်ဒရစ်အတွက် ဂိုး ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။  စာချုပ်သက်တမ်း မတိုးသေးတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး သုံးသပ်မှုတွေ ရှိနေပေမဲ့ ရာမို့စ်က အမြဲတမ်း အသင်းခေါင်းဆောင်အနေနဲ့ ဆက်ရှိနေမှာဖြစ်တယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  ရာမို့စ်ကို အသင်းမှာ ထာဝရဆက်ရှိစေချင်ပြီး သူ့ဘက်ကလည်း ဆက်ရှိချင်မှာဖြစ်လို့ လာမယ့်ရာသီမှာ  အသင်းပြောင်းရွှေ့မှာ မဟုတ်ကြောင်း နည်းပြဇီဒန်းက အတည်ပြုခဲ့ တာပါ။  အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ စပိန်နောက်ခံလူ ဆီဂျီယိုရာမို့စ်ဟာ ၂၀၀၅ခုနှစ်ကတည်းက ဆီဗီလာကနေ ရီးရဲလ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ 
11 months Ago

April 21, 2020

နေမာကို စံချိန်တင်လုပ်ခနှင့် စာချုပ်သက်တမ်းတိုးရန် ပီအက်စ်ဂျီအသင်း ပြင်ဆင်

ပီအက်စ်ဂျီအသင်းဟာ တိုက်စစ်မှူးနေမာကို စံချိန်တင်လုပ်ခနဲ့ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ စပိန်သတင်းစာ  Diario Sports ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ နေမာကို တပတ်လုပ်ခ ပေါင် ၆၄၀,၀၀၀ နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ စာချုပ်သစ်ချုပ်ဆိုမယ်ဆိုရင် နေမာဟာ တနှစ်လုပ်ခ စတာလင်ပေါင် ၃၃ သန်းအထိ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ နေမာဟာ လက်ရှိအချိန်မှာ တပတ်လုပ်ခပေါင် ၆ သိန်းဝန်းကျင်ရရှိနေပြီး ပီအက်စ်ဂျီအသင်းဘက်က လုပ်ခတိုးမြှင့်ပြီး စာချုပ်သစ် ချုပ်ဆိုလိုတာ ဖြစ်ပါတယ်။  ဘာစီလိုနာအသင်းကလည်း ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ပီအက်စ်ဂျီက နေမာကို ဆက်ထိန်းဖို့ ပြင်ဆင်လာတာလည်း ဖြစ်ပါတယ်။ ဘရာဇီးလက်ရွေးစင် နေမာဟာ အခုနှစ်ရာသီမှာ ပီအက်စ်ဂျီအတွက် ၁၈ ဂိုး သွင်းယူပေးထားပါတယ်။
1 year Ago
More News
Up