တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ အသင်းနဲ့ စာချုပ်သစ်မှာ လက်မှတ်မထိုးသေးပေမယ့် မစိုးရိမ်ဘူးလို့ စပါးနည်းပြ ပိုချက်တီနိုက ပြောပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ စာချုပ်သစ်မှာ လစာငွေနဲ့ပတ်သက်လို့ ညှိနှိုင်းမှု အဆင်မပြေသေးတဲ့အတွက် လက်မှတ်မထိုးနိုင်သေးဘဲ ဖြစ်နေတာပါ။
စပါးအသင်းကတော့ လစာငွေကို တခြား ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ဖို့ မသင့်ဘူးလို့ ပြောပါတယ်။
အသင်းက အသက် ၂၃ နှစ်အရွယ် ကိန်းကို တပတ်လစာ ပေါင် ၅ သောင်းနဲ့ ၂၀၂၀ အထိ စာချုပ်ဖို့ အလိုရှိနေတာပါ။
ပရီးမီးယားလိဂ်မှာ တပတ်ကို လုပ်ခလစာအများဆုံးရတဲ့ အင်္ဂလန်ကစားသမားတွေထဲမှာ မန်ယူတိုက်စစ်မှူး ရွန်နီက တပတ်ကို ပေါင် ၃ သိန်း၊ လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျက ပေါင် ၁ သိန်းခွဲ၊ လက်စတာတိုက်စစ်မှူး ဗာဒီက ပေါင် ၁ သိန်း အသီးသီး ရရှိထားပါတယ်။
6 years Ago