စာကလေး

A d v e r t i s e m e n t With Us

February 9, 2016

ဂျပန်ဇနှီးမောင်နှံတို့နှင့်အတူ ရင်းနှီးစွာလာရောက်နေထိုင်သည့် စာကလေး (ရုပ်သံ)

ဂျပန်နိုင်ငံ ဆိုင်တမာပြည်နယ်မှာ စာကလေးတကောင်ဟာ ဒေသခံဂျပန် ဇနီးမောင်နှံတို့ရဲ့အိမ်မှာ ရင်းရင်းနှီးနှီး လာရောက်နေထိုင်နေတာ အံ့သြစရာတွေ့မြင်ပါတယ်။ ဇနီးဖြစ်သူ ဖူဂျီနို ဟာ ဒေသခံမူလတန်း ကျောင်းတကျောင်းမှာ ခလေးတွေအတွက် လူကူး မျဉ်းကြားကူး စောင့်ကြပ်ပေးသူ ၀န်ထမ်းတဦးဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ကျောင်းကအပြန် ဒီစာကလေးက အိမ်ကို လိုက်ပါလာတယ်လို့ ဖူဂျီနို က ပြောပြပါတယ်။ စာကလေးကို ပီးချမ်း Pee-chan လို့ နာမည်ပေးထားပြီး အိမ်ထဲမှာ ချကျွေးထားတဲ့ စားစရာတွေ စားလိုက်၊ အိမ်ရှင် ယိုရှိအို ကို စူးစမ်းလိုက်နဲ့ အိမ်မှာ မြဲနေတာ ၃ လနီးပါးရှိတော့မှာဖြစ်ပါတယ်။ သားသမီးမြေးမြစ်တွေလည်း အလုပ်နဲ့ အဝေးမှာ နေထိုင်နေကြတာကြောင့် သက်ကြီးရွယ်အို ဇနီးမောင်နှံ ၂ ယောက်ဟာ စာကလေးတကောင်နဲ့ အဖော်ရနေပြီး ပျော်ရွှင်စရာ၊ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ဖူဂျီနို က ပြောဆိုပါတယ်။ ဒီစာကလေးဟာ နီးစပ်ရာ တောထဲက စာကလေးပဲလား၊ ဒါမှမဟုတ် တခြားတအိမ်အိမ်မှာ မွေးထားတဲ့စာကလေးပဲလားဆိုတာ သေချာမသိရပေမယ့် စာကလေးဟာလည်း သူတို့အိမ်ထဲမှာ နေထိုင်နေတာ အဆင်ပြေနေပုံရတယ်လို့လည်း ဂျပန်ဇနီးမောင်နှံက ပြောပြပါတယ်။ ဂျပန်နိုင်ငံမှာ နိုဝင်ဘာလလယ်ကနေ ဖေဖော်ဝါရီလလယ်အထိ အခုလိုစာကလေးတွေကို အိမ်မှာ အပျော်မွေးမြူဖိ့ ဥပဒေနဲ့ ခွင့်ပြုထားပါတယ်။
5 years Ago
Up