စလီမာနီ

January 25, 2020

လက်စတာ တိုက်စစ်မှူး စလီမာနီကို ခေါ်ယူရန် မန်ယူနိုက်တက် ပစ်မှတ်ထားနေ

မန်ယူနိုက်တက်အသင်းဟာ လက်စတာ တိုက်စစ်မှူး စလီမာနီကို အမှတ်မထင် ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တက် တိုက်စစ်မှာ အဓိက တိုက်စစ်မှူးရက်ရှ်ဖို့ဒ်က ဒဏ်ရာရနေတာကြောင့် တိုက်စစ်မှူးသစ်တဦး ခေါ်ယူဖို့ စီစဉ်နေတာပါ။ စလီမာနီဟာ လက်စတာအသင်းကနေ ပြင်သစ်ကလပ် မိုနာကိုအသင်းမှာ အငှား သွားရောက်ကစားနေတာပါ။ မိုနာကိုအသင်းမှာ စုစုပေါင်း ၁၄ ပွဲ ကစားအပြီးမှာ ၇ ဂိုး သွင်းယူထားပြီး ယူနိုက်တက် တိုက်စစ်မှာ ရေတိုအတွက် အဆင်ပြေနိုင်တယ်လို့ အသင်းဘက်က ယူဆထားတာ ဖြစ်ပါတယ်။  အသက် ၃၁ နှစ်ရှိ အယ်လ်ဂျီးယား တိုက်စစ်မှူး စလီမာနီဟာ ၂၀၁၆ ကတည်းက လက်စတာကို ပြောင်းရွှေ့ခဲ့ပြီး နယူးကာဆယ်နဲ့ ဖီနာဘာချီအသင်းတွေမှာ အငှားထွက်ကစား ခဲ့ပါသေးတယ်။
1 year Ago
Up