စရိတ်ချေးငွေ

A d v e r t i s e m e n t With Us

May 19, 2019

ပဲခူးတိုင်းအတွင်း လယ်သမားများ စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ရာခိုင်နှုန်းခန့်သာ ပြန်ဆပ်

ပဲခူးတိုင်းထဲက လယ်သမားတွေဟာ စိုက်ပျိုးစရိတ်ချေးငွေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်တာကြောင့် ငွေကြေးလည်ပတ်ဖို့ အခက်အခဲ ကြုံနေရတယ်လို့ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ပြောပါတယ်။ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ ပဲခူးတိုင်းထဲက လယ်သမား ၃ သိန်းကျော်ကို မိုးချေးငွေ၊ ဆောင်းချေးငွေနဲ့ မိုကြိုချေးငွေဆိုပြီး စုစုပေါင်း ငွေကျပ် ၃၃၄ ဘီလီယံကို ၃ ကြိမ်ခွဲပြီး စိုက်ပျိုးရေးကဏ္ဍတွေမှာ အရင်းအနှီး ပြုလုပ်ဖို့အတွက် ထုတ်ချေးပေးထားပေမယ့် လယ်သမားတွေဘက်ကနေ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ဆပ်ကြတယ်လို့ ပဲခူးတိုင်း လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာက ဦးသိန်းထိုက်က ဒီဗွီဘီကိုပြောပါတယ်။ အခုလို လယ်သမားတွေဘက်က ချေးငွေတွေ အကျြေပန်မဆပ်ကြတာဟာ ပုံစံ ၇ မူရင်း မရယူဘဲ ငွေချေးခွင့်ပြုခဲ့တာတွေ၊ ပုံစံ ၇ မိတ္တူပေါ်မှာ ပြင်ဆင်မှုတွေပြုလုပ်ပြီး ငွေချေးခဲ့ကြတာတွေ၊ ပုံစံ ၇ မရှိတဲ့ လယ်သမားတွေကိုလည်း ထောက်ခံချက်နဲ့ ငွေချေးပေးခဲ့တာတွေ၊ လယ်ယာမြေတွေ ရောင်းဝယ်ပေါင်နှံမှုတွေများလာပြီး ချေးငွေတွေကို ပြန်ဆက်ဖို့ အခက်ခဲတွေ ဖြစ်ကုန်ကြတာတွေ၊ ရာသီဥတု မမှန်တဲ့အပြင် သီးနှံဈေးနှုန်း မတည်ငြိမ်တာတွေ နဲ့ တချို့ လယ်သမားတွေကြတော့ ပြန်ဆက်နိုင်ပေမယ့် ဥပဒေအရ အရေးယူမှုတွေ မရှိတာကြောင့် ပြန်မဆပ်ကြတာတွေ စိစစ်တွေ့ရတယ်လို့ ဆိုပါတယ်။ ချေးငွေတွေ ပြန်လည်ရရှိရေးနဲ့ ပတ်သက်ပြီး ၂၀၁၇ နိုဝင်ဘာကတည်းက ဌာနအနေနဲ့ ဆောင်ရွက်နေကြာင်း၊ ကြွေးကျန်များတဲ့မြို့နယ်တွေကို ကွင်းဆင်းအဖွဲ့တွေလွှတ်ပြီး တဦးချင်း ကြွေးကျန်တွေကို စိစစ်နေတဲ့အပြင် ပုံစံ ၇ မိတ္တူတွေ မူရင်းတွေကို ဘဏ်မှာရှိတဲ့ မိတ္တူတွေ မူရင်းတွေနဲ့ မြေစာရင်းမှာရှိတဲ့ ပုံစံ ၅ တိုက်ကြည့်ပြီး ကွဲလွဲမှုရှိရင်တော့ ကွဲလွဲမှုအပေါ်မှာ မူတည်ပြီး အရေးယူသွားဖို့  စီစဉ်နေတယ်လို့ ဦးသိန်းထိုက်က ပြောပါတယ်။ အခုလို ချေးငွေတွေ ပြန်မရရှိသေးတဲ့အတွက် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ ငွေကြေးလည်ပတ်မှု အခက်အခဲတွေ အများကြီး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ လယ်သမားတွေကို ချေးပေးထားတဲ့ ငွေတွေဟာ မြန်မာ့စီးပွားရေးဘဏ်ကနေ အများပြည်သူတွေ စုထားတဲ့ငွေတွေကို သူတို့က တဆင့်ချေးယူထားရတာဖြစ်ပြီး လယ်သမားတွေ ဘက်ကနေ ပြန်ဆပ်မှသာ သူ့တိုကလည်း မြန်မာ့စီးပွားရေးဘဏ်ကို ပြန်ဆပ်ရမယ်လို့ သိရပါတယ်။ အောင်စိုးမိုး
2 years Ago
Up