စမွတ်ဆာခွန်းခရိုင်ဝန်

December 29, 2020

စမွတ်ဆာခွန်းခရိုင်ဝန် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ 

 ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်းစတင်ရာ စမွတ်စခွန်းခရိုင်မှာ ခရိုင်ဝန်ကိုယ်တိုင်လည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။  အသက် ၅၈ နှစ်ရွယ်ရှိ ခရိုင်ဝန် နိုင်းဝီရဆဒ် ဝိကျစ်ဆိုင်ဆရီမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ညနေပိုင်းက နေမကောင်းချင်သလို ဖြစ်လာလို့ ဆေးသွားစစ်ကြည့်ရာက ကိုဗစ်-၁၉ ကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။  ခရိုင်ဝန်ထံဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့နောက် သူသွားလာခဲ့တဲ့နေရာတွေကို ပြန်စစ်ရာမှာ  တနင်္ဂနွေနေ့က မဟာချိုင် ပုစွန်ဈေးအနီးမှာ ဖွင့်လှစ်ထားတဲ့ ယာယီဆေးရုံကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ အဲဒီနေ့က ခရိုင်ဝန်နဲ့ အတူ ကျန်းမာရေးဝန်ကြီး နိုင်းအနုထင်း ဝီရကွန်း၊ ပြည်သူ့ကျန်းမာရေးဌာနနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ၊ သတင်းထောက်တွေပါ ယာယီဆေးရုံမှာ အတူရှိနေခဲ့တာကြောင့် အားလုံးကို ကိုဗစ်-၁၉ ပိုးစစ်ဆေးပြီး ၁၄ ရက် ကွာရန်တင်း နေ နေရပါတယ်။  ဒါ့အပြင် ခရိုင်ဝန်ရဲ့ အိမ်သားတွေပါ ရောဂါပိုးစစ်ဆေးပြီး ၁၄ ရက်အသွားအလာ  ကန့်သတ်ထားရာမှာ ခရိုင်ဝန်ရဲ့ ဇနီးကတော့ အဖြေထွက်လာပြီဖြစ်ပြီး ကိုဗစ်-၁၉ ပိုးမတွေ့ဘူးလို့ ဆိုပါတယ်။ အလားတူ ဒုခရိုင်ဝန်၊ ကျန်းမာရေးဝန်ကြီး ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်မှူးတို့လည်း ပိုးမတွေ့ကြောင်း ၊  ခရိုင်ဝန်မှာလည်း နွမ်းနယ်တာကလွဲလို့ ကိုယ်အပူချိန်ကျသွားပြီလို့   ပြည်သူ့ကျန်းမာရေးဌာနရဲ့ ဒီကနေ့သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြော ကြားသွားပါတယ်။  ကိုးကား- AMARINTV/ Thairath/PPTV
10 months Ago
Up