စမွတ်စာခွန်ခရိုင်

February 10, 2021

မြန်မာလုပ်သားအများစုရှိရာ စမွတ်စာခွန်ခရိုင်တွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၇၀၀၀ ရှိ

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်းခရိုင်ထဲက စက်ရုံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၇,၀၀၀ လောက် စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဒေသတွင်းက စက်ရုံအလုပ်သမား ၁ သိန်းကျော်ကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စမ်းသပ်စစ်ဆေးခဲ့ချိန်မှာ ခုလိုတွေ့ရှိရတာ ဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးဌာန၊ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံခန့်ခွဲရေးစင်တာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီဆစ်လ်ပ်က ပြောပါတယ်။

ရောဂါပိုးတွေ့ရှိရသူတွေထဲက အလုပ်သမားတွေအများစုကတော့ စက်ရုံကြီး ၉ ခု ကဖြစ်ပြီး အဲဒီထဲက ၄ ရုံမှာတော့ ပိုးတွေ့အလုပ်သမား ၁၀,၀၀၀ နဲ့အထက်ပါဝင်နေတာ ဖြစ်ပါတယ်။

ဒေါက်တာ ထဝီဆစ်လ်ပ်ကတော့ တချို့စက်ရုံတွေမှာ အလုပ်သမား ၂၆ ရာခိုင်နှုန်း ကနေ ၂၇ ရာခိုင်နှုန်းထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ ပြောပါတယ်။

စမွတ်စာခွန်းခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ဒုတိယလှိုင်း ကာလမှာ အဓိကကူးစက်ပျံ့နှံ့ရာ ဗဟိုချက်ဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တုန်းက ပုစွန်ဈေးကတဆင့် စတင်ခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု လှိုင်းသစ်စတင်ချိန်ကတည်းက စမွတ်စာခွန်းခရိုင် တွင်းမှာ ရောဂါကူးစက်ခံရသူအရေအတွက် ၁၅,၁၈၆ ယောက်ရှိလာခဲ့ပြီး ဒါဟာ စုစုပေါင်း ရေဂါကူးစက်ခံရသူအရေအတွက်ရဲ့ ၈၀ ဒသမ ၄၉ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။       ထိုင်းတနိုင်ငံလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂၃,၉၀၃ ယောက်၊ သေဆုံးသူ အယောက် ၈၀ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

2 months Ago

December 26, 2020

စမွတ်စာခွန်ခရိုင် ပင်လယ်စာဈေးတွင် ကိုဗစ်-၁၉ ယာယီဆေးရုံတည်ဆောက်

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် တိုးလာတာကြောင့် ဒီဇင်ဘာ ၂၅ ရက်က စမွတ်စာခွန်ခရိုင် ပင်လယ်စာဈေးတစ်ခုမှာ ယာယီဆေးရုံတစ်ခုကို တည်ဆောက်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က ဘန်ကောက်မြို့ပြင် မဟာချိုင်ဒေသ ပင်လယ်စာဈေးနဲ့ ဆက်စပ်ပြီး ဗိုင်းရပ်စ် ကူးစက်သူက အခုဆိုရင် ၁,၅၀၀ ကျော်သွားပါပြီ။  ထိုင်းအာဏာပိုင်အဖွဲ့က ခုတင် ၃၀ ဆံ့ ယာယီဆေးရုံကို တည်ဆောက်ထားပြီး ပင်လယ်စာဈေးဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ့လို့ သီးခြားခွဲနေထိုင်တဲ့ အလုပ်သမားတွေကို ၂၄ နာရီပတ်လုံး ဆေးဘက်ဝန်ထမ်းတွေက  ကုသပေးသွားမှာပါ။ အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကူးစက်မှုတွေ မြင့်တက်နေပြီး အလုပ်သမားတချို့က ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ ထိုင်းအစိုးရက သံသယဝင်နေပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ထိုင်းနိုင်ငံသား တစ်ဒါဇင်ထက်မနည်းဟာလည်း ပြီးခဲ့တဲ့လက လ.ဝ.က ကို မဖြတ်ဘဲ၊ ကွာရန်တင်း မဝင်ဘဲ မြန်မာနိုင်ငံကနေ ပြန်လာတယ်လို့ သိရပါတယ်။  ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၆,၀၂၀ နဲ့ သေဆုံးသူ အယောက် ၆၀ ရှိပြီး လူဦးရေ သန်း ၇၀ ရှိတဲ့နိုင်ငံအဖို့ ကူးစက်နှုန်းနဲ့ သေဆုံးနှုန်း နည်းပါးတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
4 months Ago
More News
Up