စမွတ်စခွန်ခရိုင်

December 6, 2020

စမွတ်စခွန်ခရိုင်တွင် နှစ်ငါးထောင် သက်တမ်းရှိ ရှားပါး ဝေလငါး ရုပ်ကြွင်းတူးဖော်

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် စမွတ်စခွန် ခရိုင်ထဲကနေ အနှစ်ငါးထောင် သက်တမ်း ရှိပြီလို့ ယုံကြည်ရတဲ့ ရှားပါး ဝေလငါး ရုပ်ကြွင်းကို ရှေးဟောင်းသုတေသီတွေ ဒီဇင်ဘာ လေးရက်က တူးဖော်ခဲ့ပါတယ်။ ပင်လယ်ကနေ ၁၂ ကီလိုမီတာ ဝေးတဲ့နေရာ မြေကြီးထဲက ထွက်နေတဲ့ ၄၁ ပေရှည်တဲ့ ရုပ်ကြွင်း အစိတ်အပိုင်းကို နိုဝင်ဘာလ အစောပိုင်းမှာ စက်ဘီးစီးသူတွေက ရှာတွေ့ခဲ့တာပါ။  တူးဖော်နေတာ ၁ လလောက်ကြာပြီး ဒါဟာ အာရှမှာ ရှာတွေ့တဲ့ တခုတည်းသော အမျိုးအစားလို့ သုတေသီတွေက ယုံကြည်ကြပါတယ်။ လုံးဝနီးပါး အကောင်းအတိုင်း ရှာတွေ့တာမျိုးက ရှားတယ်လို့ သတ္ထုရင်းမြစ်ဌာန ရုပ်ကြွင်း ကာကွယ်ရေးဌာနခွဲ ဘူမိဗေဒ ပညာရှင် ပန်နီပါ ဆေးတီယန်က ပြောပါတယ်။ ဝေလငါးက အထီးအမ မသိရသေးသလို အရိုးတွေကိုလည်း ကာဗွန်သက်တမ်း တွက်ချက်နည်းနဲ့ တွက်ချက်ရင်း ဝေလငါး အရိုးစုရဲ့ သက်တမ်းကို ဆုံးဖြတ်ဖို့ လိုနေသေးတယ်လို့ ပန်နီပါက ပြောပါတယ်။ ဘရိုက် ဝေလငါးတွေနဲ့ အဲဒီခေတ်က ဘူမိဗေဒ အခြေအနေတွေကို သုတေသနပြုရာမှာ ဒီအရိုးစုက ရတဲ့ သတင်းအချက်အလက်တွေက ကူညီလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။  
4 months Ago
Up