စမ်းသပ်အထိုးခံ

September 3, 2020

ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး လွှတ်တော်အမတ် စမ်းသပ်အထိုးခံ

ရုရှားကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အသက် ၇၄ နှစ်အရွယ် လွှတ်တော်အမတ် ဗလာဒီမာ ဇီရီ နော့စကီက စက်တင်ဘာ  ၁ ရက်မှာ လက်ခံထိုးနှံခဲ့ပါတယ်။    စပွန်းနစ် ၅ ဆိုတဲ့  ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်ခံထိုးနှံပြီးနောက် လွှတ်တော် အမတ်  ဇီရီနော့စကီက “ရုရှားကာကွယ်ဆေးဟာ ကမ္ဘာမှာ အကောင်းဆုံးဖြစ်တယ်။ တခြားသူတွေ ထက် အရင်ဦးအောင် ဖော်နိုင်ပြီး  ရုရှားနိုင်ငံသား အားလုံးဟာ  ကျန်းမာသင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။    လူသားစမ်းသပ်မှု ၂ လမကြာမီမှာပဲ ရုရှားအစိုးရက ကိုဗစ်-၁၉ ကာကွယ်ဆေးကို စည်းမျဉ်းအရ ခွင့်ပြုခဲ့ပြီး အနောက်နိုင်ငံကျွမ်းကျင်သူ တချို့ကတော့ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုနဲ့ အစွမ်းထက်မှုအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။    အခုဆိုရင် ရုရှားဟာ  ကိုဗစ်-၁၉ ကာကွယ်ဆေးအဆင့် ၃ စမ်းသပ်မှု စတင်နေပြီး  ဒီစမ်းသပ်မှုမှာ အရေအတွက် ပိုများစွာပါဝင်တဲ့ စေတနာ့ဝန်ထမ်းအုပ်စုကို ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးသွားမှာပါ။   နောက်ပြီးတော့ ရုရှားဟာ စက်တင်ဘာနှောင်းပိုင်းနဲ့အောက်တိုဘာအစောပိုင်းမှာ ဒုတိယမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လက်ခံအတည်ပြုဖို့ ပြင်ဆင်နေတယ်လို့လည်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။  
1 year Ago
Up