စမ်းသပ်မှု ခေတ္တရပ်ဆိုင်း

September 9, 2020

အက်စ်ထရာဇန်နကက်ကာကုမ္ပဏီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်မှု ခေတ္တရပ်ဆိုင်း

ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ထိုးနှံခံခဲ့သူ တစ်ဦးမှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ  ပေါ်ခဲ့ပြီးနောက် အက်စ်ထရာဇန်နက်ကာကုမ္ပဏီရဲ့ ကာကွယ်ဆေး နှောင်းပိုင်းအဆင့် စမ်းသပ်မှုကို ခေတ္တရပ်ဆိုင်းထားပါတယ်။ အက်စ်ထရာဇန်နက်ကာကုမ္ပဏီ ပြောခွင့်ရအမျိုးသမီးကို ကိုးကားပြီး ကျန်းမာရေးသတင်း ဝက်ဘ်ဆိုက် Stat News က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်တာပါ။   ကုမ္ပဏီက ကာကွယ်ဆေး ဘေးကင်းရေး အချက်အလက်ကို သုံးသပ်ဖို့ ကာကွယ်ဆေး စမ်းသပ်မှုကို ခေတ္တရပ်ဆိုင်းတယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ အက်စ်ထရာဇန်နက်ကာကုမ္ပဏီနဲ့ အောက်စဖို့တက္ကသိုလ်တို့ ပူးပေါင်းပြီး အမေရိကန်နဲ့ ဗြိတိန် အပါအဝင် နေရာတချို့မှာ ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးနေပြီး အဲဒီနေရာတစ်ခုမှာ အခုလို  ပြင်းထန်တဲ့ တုံ့ပြန်မှုကို တွေ့ရှိခဲ့တာပါ။  ဒီကာကွယ်ဆေးစမ်းသပ်မှု ခေတ္တရပ်ဆိုင်းတဲ့ ကိစ္စဟာ အက်စ်ထရာဇန်နက်ကာက လုပ်နေတဲ့ တခြားကာကွယ်ဆေးတွေနဲ့ တခြားကာကွယ်ဆေးထုတ်သူတွေ လုပ်နေတဲ့  စမ်းသပ်မှုအပေါ်မှာ သက်ရောက်တယ်လို့လည်း Stat News က ရေးပါတယ်။
1 year Ago
Up