စမ်းသပ်ဖော်ထုတ်

A d v e r t i s e m e n t With Us

April 15, 2020

ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အမျိုးပေါင်း ၇၀ စမ်းသပ်ဖော်ထုတ်နေ

ကမ္ဘာ့နိုင်ငံတွေ အနှံ့အပြားမှာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်ဖို့ ဆေးဝါးတွေကို အပြိုင်အဆိုင် ရှာဖွေနေကြပြီး လက်ရှိအချိန်မှာတော့ အမျိုးပေါင်း ၇၀ ရှိနေပြီဖြစ်ကာ သူတို့ထဲက ၃ မျိုးကိုတော့ လူသားတွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်နေပြီ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။ ကုသမှုလုပ်ငန်းစဉ်တွေထဲမှာ ဟောင်ကောင်အခြေစိုက် CanSino Biologics နဲ့ ပေကျင်းဇီဝနည်းပညာသိပ္ပံတို့ကတော့ ရှေ့ပြေးအဆင့်မှာရှိနေပြီး စမ်းသပ်မှုအဆင့် ၂ မှာ ရှိနေတယ်လို့ ဆိုပါတယ်။ နောက်ထပ်နှစ်ခုကတော့ လူသားတွေမှာ စမ်းသပ်ကုသမှုတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အခြေစိုက် ဆေးဝါးထုတ်လုပ်သူတွေနဲ့ Inovio Pharmaceuticals တို့က သီးခြား ထုတ်လုပ်တဲ့ ဆေးဝါးတွေ ဖြစ်တယ်လို့ ပြောပါတယ်။ လတ်တလော အပူတပြင်း လုပ်ဆောင်နေရတဲ့ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ဆေးဝါးတွေကိုတော့ အရှိန်အဟုန်နဲ့ လုပ်ဆောင်နေကြတာဖြစ်ပြီး သာမန်အားဖြင့် ကာကွယ်ဆေးတမျိုးဟာ ဈေးကွက်အတွင်းကို ရောက်ရှိနိုင်ဖို့ အချိန် ၁၀ နှစ်မှ ၁၅ နှစ်အထိ ကြာမြင့်တတ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကိုတော့ လာမယ့်နှစ်ထဲမှာ ထုတ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြကြောင်း တိုင်းမ်သတင်းက ဆိုပါတယ်။ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းကြီးငယ်တွေလည်း ဆေးဝါးအသစ် စမ်းသပ် ထုတ်လုပ်နိုင်မယ့် နယ်ပယ်ထဲကို အလုအယက်ဝင်ရောက်လာကြပြီး အဲဒီထဲမှာ နာမည်ကြီးဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Pfizer Inc. နဲ့ Sanofi တို့လို လုပ်ငန်းတွေလည်း ပါဝင်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
11 months Ago
Up