စမ်းသပ်ပစ်ခတ်မှု

August 25, 2019

အကြီးစား ဒုံးကျည်ပစ်စင် စမ်းသပ်ပစ်ခတ်မှု ကင်ဂျုံအန်း ကြီးကြပ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဟာ ဒုံးကျည်အမြောက်အမြားကို ပစ်ခတ်နိုင်တဲ့ အကြီးစား ဒုံးကျည်ပစ်စင် စမ်းသပ်ပစ်ခတ်မှုကို ကြီးကြပ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရ မီဒီယာ KCNA က သြဂုတ် ၂၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။  မြောက်ကိုရီးယားဟာ အရှေ့ဘက် ကမ်းရိုးတန်းကနေ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ဖြစ်ပုံရတဲ့ ဒုံးကျည် ၂ စင်းကို သြဂုတ် ၂၄ ရက်က ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။  လတ်တလော သီတင်းပတ်တွေအတွင်း နျူကလီးယား ဆွေးနွေးပွဲတွေ ရပ်တန့်နေချိန်မှာ မြောက်ကိုရီးယားဟာ ဒုံးကျည်တွေကို ဆက်တိုက်စမ်းသပ် ပစ်ခတ်နေတာပါ။ KCNA က ထုတ်လွှင့်တဲ့ ဓာတ်ပုံတွေထဲမှာ ၈ ဘီးတပ်ယာဉ်တွေနောက်က အကြီးစား ဒုံးလွှတ်စင်တွေကနေ ဒုံးကျည်တွေ ပစ်လွှတ်နေပုံတွေကို တွေ့ရပါတယ်။ မြောက်ကိုရီးယားဟာ ရန်လိုတဲ့ စစ်တပ်တွေရဲ့ ဖိအားပေးမှု တိုးလာတာတွေ၊ အမြဲတမ်း မြင့်တက်နေတဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့ မဟာဗျူဟာနဲ့ နည်းဗျူဟာမြောက် ဒုံးကျည်သစ်တွေကို ပိုတိုးတက်အောင် တီထွင်လုပ်ဆောင်ရမယ်လို့ ကင်က ဩဂုတ် ၂၄ ရက်က ပြောခဲ့ကြောင်း သတင်းက ဆိုပါတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version အႀကီးစား ဒုံးက်ည္ပစ္စင္ စမ္းသပ္ပစ္ခတ္မႈ ကင္ဂ်ဳံအန္း ႀကီးၾကပ္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအန္းဟာ ဒုံးက်ည္အေျမာက္အျမားကို ပစ္ခတ္ႏိုင္တဲ့ အႀကီးစား ဒုံးက်ည္ပစ္စင္ စမ္းသပ္ပစ္ခတ္မႈကို ႀကီးၾကပ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရ မီဒီယာ KCNA က ၾသဂုတ္ ၂၅ ရက္မွာ သတင္းထုတ္ျပန္ပါတယ္။ ေျမာက္ကိုရီးယားဟာ အေရွ႕ဘက္ ကမ္း႐ိုးတန္းကေန တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ ျဖစ္ပုံရတဲ့ ဒုံးက်ည္ ၂ စင္းကို ၾသဂုတ္ ၂၄ ရက္က ပစ္ခတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ေျပာပါတယ္။ လတ္တေလာ သီတင္းပတ္ေတြအတြင္း န်ဴကလီးယား ေဆြးေႏြးပြဲေတြ ရပ္တန႔္ေနခ်ိန္မွာ ေျမာက္ကိုရီးယားဟာ ဒုံးက်ည္ေတြကို ဆက္တိုက္စမ္းသပ္ ပစ္ခတ္ေနတာပါ။ KCNA က ထုတ္လႊင့္တဲ့ ဓာတ္ပုံေတြထဲမွာ ၈ ဘီးတပ္ယာဥ္ေတြေနာက္က အႀကီးစား ဒုံးလႊတ္စင္ေတြကေန ဒုံးက်ည္ေတြ ပစ္လႊတ္ေနပုံေတြကို ေတြ႕ရပါတယ္။ ေျမာက္ကိုရီးယားဟာ ရန္လိုတဲ့ စစ္တပ္ေတြရဲ႕ ဖိအားေပးမႈ တိုးလာတာေတြ၊ အၿမဲတမ္း ျမင့္တက္ေနတဲ့ စစ္ေရးၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔ မဟာဗ်ဴဟာနဲ႔ နည္းဗ်ဴဟာေျမာက္ ဒုံးက်ည္သစ္ေတြကို ပိုတိုးတက္ေအာင္ တီထြင္လုပ္ေဆာင္ရမယ္လို႔ ကင္က ဩဂုတ္ ၂၄ ရက္က ေျပာခဲ့ေၾကာင္း သတင္းက ဆိုပါတယ္။
2 years Ago
Up