စမ်းသပ်နေ

September 30, 2020

မိုဒါနာကုမ္ပဏီက သက်ကြီးရွယ်အိုများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်နေ 

မိုဒါနာကုမ္ပဏီက စမ်းသပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ လူငယ်တွေမှာ တွေ့ရတဲ့ ဗိုင်းရပ်စ် လျော့ပါးရေးပဋိပစ္စည်းတွေကို သက်ကြီးပိုင်းတွေမှာလည်း ပမာဏအတူတူ ထုတ်ပေးတယ်လို့ သုတေသီတွေက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။  ကနဦး ကာကွယ်ဆေး ဘေးကင်းရေး ရလဒ်တွေအရ ဘေးထွက်ဆိုးကျိုးဟာ တုပ်ကွေးရောဂါ ဆေးပမာဏ များများပေးတာနဲ့ တူညီတယ်လို့  ဖော်ပြပါတယ်။  ဒီလေ့လာချက်က ကိုဗစ်-၁၉ ကြောင့် ရောဂါတွေ ပိုမိုပြင်းထန်နိုင်တဲ့အန္တရာယ်ရှိ အုပ်စု ဖြစ်တဲ့ သက်ကြီးပိုင်းတွေမှာ ကာကွယ်ဆေးရဲ့ ဘေးကင်းမှုကို အထင်အရှား ပြသလိုက်တာပါ။  သက်ကြီးပိုင်းတွေမှာ ခုခံအားစနစ် အားနည်းတတ်တာမို့ ဒီတွေ့ရှိချက်တွေဟာ အားတက်စရာပဲလို့ အတ္တလန်တာမြို့ အမ်မိုရီတက္ကသိုလ် ထိပ်တန်းသုတေသီ ဒေါက်တာအီဗန်အန်ဒါဆင်က ဆိုပါတယ်။ မိုဒါနာကုမ္ပဏီက စမ်းသပ်နေတဲ့ နှစ်ကြိမ်ထိုး ကာကွယ်ဆေး ၂၅ မိုက်ခရိုဂရမ်နဲ့ ၁၀၀ မိုက်ခရိုဂရမ်ကို အသက် ၅၆ နှစ်ကနေ ၇၀ ကြားနဲ့ အသက် ၇၁ နှစ်နဲ့ အထက်စုစုပေါင်း သက်ကြီးပိုင်း ၄၀ မှာ စမ်းသပ်လေ့လာခဲ့တယ်လို့လည်း ရိုက်တာက ဖော်ပြပါတယ်။
8 months Ago
Up