စမ်းသပ်ထိုးနှံ

December 29, 2020

အီရန်ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ထိုးနှံ

အီရန်နိုင်ငံဟာ  ပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို လူသားတွေနဲ့ ပထမဆုံး စတင်စမ်းသပ်နေပါပြီ။  ဒီဇင်ဘာ ၂၉ ရက်က လုပ်တဲ့ ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးစမ်းသပ်အခမ်းအနားမှာ  စေတနာ့ဝန်ထမ်း ၃ ယောက်က ကာကွယ်ဆေးထိုးနှံ ခံခဲ့ပါတယ်။   လူသားနဲ့ ကိုဗစ်ကာကွယ်ဆေးကို စမ်းသပ်တဲ့ ပထမအဆင့်မှာ စုစုပေါင်း စေတနာ့ဝန်ထမ်း ၅၆ ယောက်က  ကာကွယ်ဆေးကို ထိုးနှံခံယူသွားမှာပါ။  ပြည်တွင်းထုတ် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးတဲ့အခါမှာ ရှော့ခ်ဖြစ်တာ ၊ အဖျားတက်တာ စတဲ့ လက္ခဏာတွေ မတွေ့ရဘူးလို့လည်း အီရန် တာဝန်ရှိသူတွေက ပြောပါတယ်။  ဒီ ကိုဗစ်ကာကွယ်ဆေးကို အီရန်သုတေသီတွေချည်းပဲ  ဖန်တီးထုတ်လုပ်ထားတာပါ။ အီရန်ဟာ ပြည်တွင်းမှာ ကိုယ်တိုင် ကာကွယ်ဆေးထုတ်ဖို့ ကြိုးပမ်းနေချိန်မှာပဲ  တခြားနိုင်ငံ တစ်ခုနဲ့ ပေါင်းပြီး ကာကွယ်ဆေးထုတ်ဖို့လည်း လုပ်ဆောင်နေပါတယ်။  အီရန်ဟာ နိုင်ငံခြားကနေ ကာကွယ်ဆေးဝယ်ယူဖို့ ကြိုးပမ်းနေပေမဲ့ အမေရိကန် အရေးယူဒဏ်ခတ်မှုကြောင့် ကိုဗစ်ကာကွယ်ဆေး တင်သွင်းရာမှာ အခက်အခဲ ရှိနေပါတယ်။   
10 months Ago
Up