ပြင်းပြင်းထန်ထန်ထိခိုက်မှုတွေအတွက် လူစားလဲခွင့်ပေးမယ့် နည်းစနစ်ကို ဇန်နဝါရီလ ကနေ စတင်စမ်းသပ်သွားဖို့ မျှော်လင့်ထားတယ်လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြောပါတယ်။
ဘောလုံးအားကစားဆိုင်ရာ စည်းကမ်းဥပဒေရေးဆွဲသူတွေနဲ့ နိုင်ငံတကာဘောလုံးအဖွဲ့ချုပ် ဘုတ်အဖွဲ့ Ifab တို့က ဒီစမ်းသပ်မှုကို ၂၀၂၁ မှာခွင့်ပြုမယ်လို့ အတည်ပြုခဲ့ပြီးနောက် အခုလို ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။
စည်းကမ်းအသစ်က ကစားသမား တစ်ဦးဦး ခေါင်းဒဏ်ရာ ရရှိသွားခဲ့မယ်ဆိုရင် လူစားလဲခွင့် အားလုံးကို အသုံးပြုပြီးခဲ့ပြီဆိုရင်တောင် နောက်တစ် ကြိမ်လူစားလဲခွင့် ထပ်မံ ခွင့်ပြုပေးမယ်လို့ အဓိပ္ပါယ်ရပါတယ်။
ဒီဥပဒေကို မလျော်မကန်အသုံးပြုခြင်းကနေ တားဆီးဖို့လည်း ပြိုင်ဘက်အသင်းအနေနဲ့ ဒဏ်ရာရခဲ့တဲ့ အသင်းဘက်ကလိုပဲ တစ်ချိန်တည်းမှာ လူစားလဲခွင့် တစ်ကြိမ်ရရှိမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ လူစားလဲမှု ၅ ကြိမ်ပြုလုပ်ဖို့ ကိစ္စကို လက်မခံကြောင်း တတိယကြိမ်မြောက်မဲပေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။
Ifab ဘက်က ဒီဥပဒေနဲ့ပတ်သတ်လို့ ထပ်တိုးမှုတွေရှိမယ်လို့ အတည်ပြုပြောဆိုခဲ့တာ တောင် အခုလို မဲပေးခဲ့ကြတာဖြစ်ပါတယ်။
လူစားလဲမှု ၅ ကြိမ်အစား အရံခုံမှာထိုင်ရမယ့် အရံကစားသမားစာရင်းကို ၇ ဦးကနေ ၉ ဦးအထိတိုးမြှင့်ဖို့ ခွင့်ပြုခဲ့ပါတယ်။
ဒီစည်းမျဉ်းသစ်ဟာ လာမယ့်စနေနေ ပွဲစဉ် ၁၄ မှာစတင်အသက်ဝင်မှာ ဖြစ်ပါတယ်။
1 month Ago